Skip to main content

ဝိုင်းမော်နှင့် မြိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဒီဇင်ဘာ ၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၅ နာရီခွဲတွင် ဝိုင်းမော် မြို့နယ် ဝါးရှောင်ကျေးရွာအုပ်စု ဂေါ်ဆက်ယန်ကျေးရွာ အနီးတွင် မသင်္ကာဖွယ် တွေ့ရှိသူ ငွါးလေးအား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၇ ဒသမ ၅ ကီလိုကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့နယ် ပသောင်းကျေးရွာအုပ်စု ပသောင်း ကျေးရွာနေ ခင်မောင်ချို(ခ)အာနီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁၇၉ ပြား၊ အိုက်စ် သုည ဒသမ ၀၀၅ ကီလို၊ ဆေးခြောက် သုည ဒသမ ၀၁၅ ကီလိုနှင့် ဘိန်းစာမှုန့် ၄၀ ဒသမ ၉ ကီလိုတို့ကို သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား