Skip to main content

ဝန်ကြီးချုပ်ဦးဝင်းသိန်း ကဝမြို့ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ လူနာများထားရှိ ကုသမှုအခြေအနေအား ကြည့်ရှု

ကဝ ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်ရင်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ()ရက်နေ့ နံနက်(၁၁)နာရီအချိန်က ကဝမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ကိုဗစ်-၁၉လူနာများ ထားရှိကုသပေးမှုအခြေအနေများအား ကြည့်ရှုကြသည်။

ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အဖွဲ့အား ကဝမြို့နယ်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်ချစ်က ဆေးရုံကြီးတွင် ကိုဗစ်-၁၉လူနာများထားရှိကုသပေးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက လိုအပ်သည်များလမ်းညွှန်မှာကြားပြီး ဆေးရုံကြီးအတွက် ကျန်းမာရေးအထောက်အကူပြု အကာအကွယ်ပစ္စည်းများအား ဆေးရုံအုပ်ကြီးထံသို့ လည်းကောင်း၊ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်များတွင် အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ ငွေ()သိန်းကျပ်အား မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထံသို့ လည်းကောင်း၊ ကူညီဆောင်ရွက်ပေးသော လူမှုကရုဏာလူမှုကူညီရေးအသင်းအတွက် အလှူငွေ()သိန်း ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)