Dec 04, 2020
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင် တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးသည် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သက်တမ်း နှစ်တစ်ရာတင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
Dec 04, 2020
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၀) ကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။
Dec 04, 2020
“ရန်ကုန်တက္ကသိုလ်” ဟု ဆိုလိုက်သည်နှင့် ဘွဲ့နှင်းသဘင်ခန်းမ၊ အဓိပတိလမ်း၊ အပန်းဖြေရိပ်သာ၊ ဂျပ်ဆင်၊ သစ်ပုပ်ပင်နှင့်အတူ ခွဲခြားမရသည့်နေရာတစ်ခုမှာ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် (Universities’ Central Library-UCL) ပင်ဖြစ်သည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သည် ရန်ကုန်တက္ကသိုလ်တွင် အထင်ကရ နေရာ ၊ အဓိက အမှတ်အသားတစ်ခုအနေဖြင့်သာ မဟုတ် ဘဲ ပညာရှင်များ၊ ဆရာ ဆရာမများ၊ သုတေသီများ၊ ဘွဲ့ကြို ဘွဲ့လွန် ကျောင်းသူ ကျောင်းသားများနှင့် ဗဟုသုတ ရှာဖွေစုဆောင်းလိုသူများ၏ စာပေလေ့လာဖတ်ရှုစရာ ဘူမိနက်သန်စာပေ ဘဏ်ကြီးဟု တင်စားဂုဏ်ပြုခေါ်ဆိုထိုက်သည့် နေရာလည်းဖြစ်သည်။
Dec 04, 2020
ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ က မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 04, 2020
မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုတွင် အဓိကအရေးပါသော အခန်းကဏ္ဍမှာပါဝင်နေသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကို အသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန် လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Dec 04, 2020
ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခြင်းနှင့်အတူ အမျိုးသားရေးလှုပ်ရှားမှုလည်း တစ်ဆက်တည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုအမျိုးသားရေးလှုပ်ရှားမှုကြီးသည် ယူနီဗာစီတီအက်ဥပဒေကို ကျောင်းသားများ နှင့် ပြည်သူတစ်ရပ်လုံး ကန့်ကွက်နေသည့်ကြားမှ အတည်ပြုပြဋ္ဌာန်းလိုက်သဖြင့် ပေါ်ပေါက်လာသော အမျိုးသားရေးလှုပ်ရှားမှု၊ အမျိုးသားရေး သမိုင်းမှတ်တိုင်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။
Dec 04, 2020
အဂတိလိုက်စားသည်ဟူသည့် ကိစ္စမှာအမှန်တော့ အလွန်ဆိုးရွားလွန်းသော အပြစ်တစ်ခုဖြစ်သော်လည်း ဤနိုင်ငံ၌ မထူးခြားလှသော သာမန်ဖြစ်ရိုးဖြစ်စဉ် ပုံစံမျှသာဟူသည့်အနေဖြင့် ရှိနေခဲ့သည်မှာ ဒီမိုကရေစီဆိတ်သုဉ်းမှုနှင့်အတူ ရာစုနှစ်ဝက်ကျော် ဖြစ်ခဲ့ပေသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးသော နိုင်ငံအဖြစ်ရောက်ခဲ့ခြင်း၊ ဆင်းရဲမွဲတေသည့် နိုင်ငံအဖြစ်သို့ တန်းဆင်းခဲ့ရခြင်းတို့၏ အကြောင်းရင်းခံတစ်ခုဟုဆိုလျှင်လည်း ရနိုင်ကောင်းမည် ဖြစ်ပါသည်။
Dec 03, 2020
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေး အကောင်အထည်ဖော် စီမံကိန်း (JICA, Two Step Loan) ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 03, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မကာအိုဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၈)ဦးအား ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ်သည့် တတိယကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Dec 03, 2020
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။