တောင်ငူ ဇန်နဝါရီ ၁
တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်ရာ၌ ပါဝင်သွားသည့် အုတ်တွင်းမြို့နယ်ရှိ တောင်သူများအား မြေယာ လျော်ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်ခပေါင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ပေးအပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ဝန်ကြီးချုပ်ဉီးဝင်းသိန်းက တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်ခြင်းအားဖြင့် မြို့ရှောင် လမ်းတစ်လျှောက် ပြည်သူများအနေဖြင့် လူမှုဘဝစီးပွားရေးများ တိုးတက်လာမည်ဖြစ်ကြောင်း ၊ မြို့ရှောင်လမ်း ဖောက်လုပ်နေမှုနှင့် ပတ်သတ်၍ တောင်ငူမြို့နယ်ဘက်ခြမ်းတွင် ၆၀ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း ကျန်ရှိလုပ်ငန်း များအား ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြို့ရှောင်လမ်းဖောက် လုပ်ရာ၌ တောင်ငူမြို့နယ် မှ တောင်သူ (၁၀၅) ဦး စိုက်ပျိုးမြေဧက ၁၁၁ ဒသမ ၉၆ ဧကအား မြေယာလျော်ကြေးငွေနှင့် သီးနှံလျော်ကြေးငွေ ကျပ်သိန်း ၉၉၈၆၂၈၅၀ဝိ/- ကို ပေးအပ်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ အုတ်တွင်းမြို့နယ်ဘက်ခြမ်းမှ ပါဝင်သည့် ဉယျာဉ်တော်ကျေးရွာအုပ်စုနှင့် ဝဲဒေါင့်ကျေးအုပ်စု နှစ်အုပ်စုတို့မှ ပါဝင်သည့် တောင်သူများထံ ပေးအပ်ခြင်းဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပေးအပ်ပွဲကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အုတ်တွင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် ဦးဌေးလွင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်တို့က တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်ရာ၌ ပါဝင်သွားသည့် အုတ်တွင်းမြို့နယ် ဉယျာဉ်တော်ကျေးရွာ အုပ်စုနှင့် ဝဲဒေါင့်ကျေးရွာအုပ်စုတို့မှ တောင်သူ (၁၀၁) ဦး စိုက်ပျိုးမြေဧကပေါင်း ၁၁၈ ဒသမ ၈၀ ဧက အတွက် မြေယာလျော်ကြေးငွေ ကျပ်သိန်း ၆၂၀၆၄၀၀၀ဝိ/- ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ ကြကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)