Skip to main content

Oct 13, 2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း (၁၃) နေ ဒေါ်စန္ဒာမိုး (၆၁)နှစ် (ဘ) ဦးသိန်းညွန့်သည် တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်ခန်း၏ ဧည့်ခန်းအတွင်းကြမ်းပြင်ပေါ်၌ ဒေါ်စန္ဒာမိုးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်း(ပ)၄၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၃၉၂ ဖြင့်အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၁) ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစိုက်ပျိုးသူတောင်သူများနှင့် နည်းပညာနှီးနှောဖလှယ်ပွဲကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ကျင်းပပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သီးနှံမျိုးနှင့်ပတ်သက်သော ပညာရှင်များ၊ မြေဆီလွှာပညာရှင်များ၊ သီးနှံကာကွယ်ရေး ပညာရှင်များနှင့် စက်မှုလယ်ယာကဏ္ဍပညာရှင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်မှ ဝါစိုက်တောင်သူများတက်ရောက်ကြကာ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပညာရှင်များနှင့် တောင်သူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေး ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

ကျန်းမာရေးကဏ္ဍတွင် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်း (Topical Issues of Human Rights Protection on Health Care) ခေါင်းစဉ်ဖြင့် (၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချကွန်ဖရင့်ကို အောက်တိုဘာ ၁၀ ရက်က ရုရှားနိုင်ငံမော်စကိုမြို့၌ Hybrid format ဖြင့် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး (UMFCCI) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

(၅၁) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့် တောင်သူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

မွန်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့က မော်လမြိုင်မြို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း တစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈၄၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၈၄၉၂၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာရှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၉၀၇၁၀၄၆) ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၉၇၆၀၂၄၆ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

မန္တလေးနည်းပညာတက္ကသိုလ်၌ အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုလျက် “အင်ဂျင်နီယာများ၏စွမ်းအားဖြင့် အနာဂတ်ကောင်းများကို ပူးပေါင်းမြှင့်တင်ကြပါစို့” ဆောင်ပုဒ်ဖြင့် အင်ဂျင်နီယာပွဲတော် (MTU Engineering Festival 2024) ကို Project Show များ၊ စာတမ်းဖတ်ပွဲများ၊ လူငယ်စကားဝိုင်းများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေရေးများဖြင့် အစီအစဉ်စုံလင်စွာကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အင်ဂျင်နီယာကျောင်းသားများ ၁၀၀၀ ခန့် စိတ်ဝင်စားပျော်ရွှင်စွာ ဆင်နွှဲကြပြီး မွန်းလွဲပိုင်းအစီအစဉ်များကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျသည် ဆက်လက်တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

မြစ်ဝကျွန်းပေါ်ဒေသတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အုန်းပင်စုကျေးရွာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

မြန်မာနိုင်ငံ “စီးပွားရေးပညာရပ် (Economics) သင်ကြားမှု နှစ် (၁၀၀)” ရာပြည့်အခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

တရုတ်နိုင်ငံ နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း၏ ဖိတ်ကြားချက်အရ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးတင်ဦးနှင့် အမှုဆောင်အဖွဲ့ဝင်သုံးဦးတို့သည် ပေကျင်းမြို့သို့ အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အထိ သွားရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

မြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ မော်ပီဆရာသိန်းစာကြည့်တိုက်၊ တိုက်ကြီးမြို့နယ်ရှိ အင်္ဂလာရပ်ကွက်၊ ပညာ့အလင်းစာကြည့်တိုက်နှင့် ဥက္ကံမြို့ရှိကောင်းသန့်စာကြည့်တိုက်တို့သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ ပဲခူးတိုင်းဒေသကြီး သုံးဆယ်မြို့ရှိ ပီမိုးနင်းစာကြည့်တိုက်သို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေး၍ အလှူငွေနှင့်စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ မကြာသေးမီက ကျင်းပခဲ့သည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၇) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့တွင်လည်းကောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်းကောင်း သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

မကြာသေးမီက မိမိတို့နိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ပုံစံဖြင့် သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်ခဲ့ရာ ယခုအချိန်အထိ ကူညီကယ်ဆယ်မှု၊ ပေးအပ်လှူဒါန်းမှု၊ ပြန်လည်ထူထောင်မှုတို့ ပြုလုပ်နေရဆဲဖြစ်သည်။ ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ရှမ်းကုန်းပြင်မြင့်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်ပါဝင်သည့် မြို့နယ်ပေါင်း ၅၄ မြို့နယ်တွင် ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ယခင်က မတွေ့ကြုံခဲ့ရဖူးသည့် ဖြစ်စဉ်မျိုးကို ကြုံတွေ့လာရခြင်းဖြစ်သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲ မှုတွင် မိုးလေဝသဖြစ်စဉ်များ ပိုမိုပြင်းထန်ကြမ်းတမ်းလာခြင်း၊ အကြိမ်ရေပိုမိုများပြားလာခြင်း၊ ယခင်က မဖြစ်ပေါ်ဖူးသည့် ပုံစံမျိုးဖြစ်ပေါ်လာနိုင်ခြင်းတို့အတွက် ကြိုတင်ပြင်ဆင်ထားရန် သင်ခန်းစာရရှိလိုက်ခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာ‌ကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2024

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ မဟာကုသိုလ်တော်ကျောင်းတိုက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်