Oct 15, 2024
ပြည်ပမှပြန်လာသည့် သင်္ဘောသားများအပါအဝင် ပြည်ပနိုင်ငံများတွင် အလုပ်အကိုင်အဆင်မပြေ၍ ပြန်လာသူအချို့ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်တောက်နေကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Oct 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများအား အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံ၍ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမှာစကားပြောကြားသည်။
Oct 15, 2024
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 15, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 15, 2024
စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သည့်သီးနှံများ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်မှုမရှိခဲ့သည့် ဧရိယာများမှ စပါး၊ ပဲ၊ ဝါ၊ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် တောင်သူများနှင့် နည်းပညာနှီးနှောဖလှယ်ပွဲကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ ကျင်းပသည်။
Oct 15, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Oct 15, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 15, 2024
(၆) ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံ (The 6th World Media Summit - WMS) ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုရူမုချီမြို့ Xinjiang Inter-national Convention & Exhibition Center ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။ ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံကို ၂၀၀၉ ခုနှစ်မှ စတင်ကာ Xinhua News Agency ၊ Associated Press ၊ Reuters၊ TASS ၊Kyodo News တို့က ဦးဆောင်၍ နိုင်ငံတကာမှ ထင်ပေါ်ကျော်ကြားသော မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အဆင့်မြင့်ကမ္ဘာ့မီဒီယာပူးပေါင်းဆောင်ရွက်နိုင်ရန် စင်မြင့်တစ်ခုအနေဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။
Oct 15, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၄ ခုနှစ် ယနေ့ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E Budi Gunadi Sadikin ဦးဆောင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသ (SEARO) နှင့် အနောက်ပစိဖိတ်ဒေသဆိုင်ရာအဖွဲ့ (WPRO)၊ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့်အတူ Global Alliance for Vaccine Initiatives (Gavi) အဖွဲ့၏ (၂၀၂၆-၂၀၃၀) ခုနှစ်များတွင် ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးကြသည်။
Oct 15, 2024
အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီးမှ နိုင်ငံတကာစံချိန်စံညွှန်းရေးဆွဲသည့် ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာစံချိန်စံညွှန်းများ ပေါ်ထွက်လာစေရန် ပါဝင်ဆောင်ရွက်သူများကို ဂုဏ်ပြုရန် ရည်ရွယ်၍ ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို (၁၂) ကြိမ်မြောက်အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရုံးအမှတ် (၂၁) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကင်းသာရေထိန်းတမံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 15, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရာဂီမုန်တိုင်းအလွန် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော် တပ်ကုန်းမြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံ ရေထုတ်ပြွန်မှတစ်ဆင့် ထိခိုက်ပျက်စီးမှုမရှိသည့် စိုက်ပျိုးဧကများ အမြန်ဆုံးရေပေးဝေနိုင်ရေး ဆောင်ရွက်ခြင်း၊ စက်ယန္တရားများအသုံးပြု၍ ရေပိုလွှဲမှ ရေစီးဆင်းမှု ပိုမိုကောင်းမွန်စေရန် ရေလမ်းကြောင်းရှင်းလင်းခြင်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
Oct 15, 2024
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မိုးလုံလေလုံအားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Oct 15, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့်စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ငါးစောင်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 15, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေး တာကူးရ် (H.E. Mr. Abhay Thakur) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 15, 2024
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာဖြင့် ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းခံစားချက်များကို ဖော်ထုတ်ရေးသားတင်ပြလိုက်ပါသည်။
Oct 15, 2024
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Oct 15, 2024
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး အထူးသဖြင့် ရေကြီးရေလျှံ မုန်တိုင်းအန္တရာယ်များကို မကြာခဏကြုံတွေ့လေ့ရှိသည့်နိုင်ငံဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့် ရင်းနှီးပြီးသားဖြစ်၍ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ပေါ့ပေါ့တန်တန်နေမိသည့်အခါတွင် ထိခိုက်ဆုံးရှုံးမှုများပြားပြီး ကြိုတင်ပြင်ဆင်အလေးထားစီမံခန့်ခွဲခဲ့သည့်အခါတွင် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးအခြေအနေသို့ လျှော့ချနိုင်ခဲ့သည်ကို တွေ့ရသည်။
Oct 15, 2024
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-
Oct 15, 2024
ဒုတိယကမ္ဘာစစ်ကြီးပြီးစ ၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ကြီးကို နိုင်ငံပေါင်း ၅၀ ကျော်ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လူသားတို့၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော အနိဋ္ဌာရုံများကို ဖြစ်ပေါ်စေခဲ့သည့် ကမ္ဘာစစ်ကြီးများ အနာဂတ်တွင် ထပ်မံမဖြစ်ပွားစေရန်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးတည်ဆောက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့သည့် ကုလသမဂ္ဂအဖွဲ့ကြီးမှာ တစ်ဖက်တွင်လည်း နိုင်ငံကြီးများ အုပ်စုဖွဲ့အားပြိုင်ရာ၊ သံခင်းတမန်ခင်းလှုပ်ရှားရန် အသုံးချစရာ စင်မြင့်တစ်ခုလည်း ဖြစ်ခဲ့သည်။
Oct 14, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။