Oct 17, 2024
မြန်မာတို့၏ ၁၂ လရာသီကာလများအနက် သီတင်းကျွတ်လ သီတင်းကျွတ် အခါသမယသည် ဘာသာတရားများ ထုံမွမ်းသော ထူးမြတ်သည့်ကာလဖြစ်သည်။ သီတင်းကျွတ်ကို ဆီမီးတန်ဆောင်းထွန်းညှိပူဇော်ခြင်း၊ ကောင်းမှုအထူးပြုလုပ်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာပွဲတော်ဆင်နွှဲခြင်းဟု အများပြည်သူတို့က သိမှတ်ထားကြသည်။ တကယ်တမ်းတွင် သီတင်းကျွတ်ကာလအခါသမယကို ထိုထက်မက အထူးပြုကြ၊ အလေးအမြတ်ပြုကြရမည်ဖြစ်သည်။
Oct 17, 2024
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓသာသနာတော်တွင် ထူးခြားသည့်နေ့တစ်နေ့ဖြစ်သည်။ ဝါဆိုလပြည့်နေ့မှစ၍ ဝါတွင်းသုံးလ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ရဟန်းတော်များ ဝါဆိုဝါကပ်ခြင်း၊ သီတင်းဝါလကျွတ်သည့်ချိန်ခါတွင် ဗုဒ္ဓသာသနာတော်နှင့်ဆက်စပ်၍ ရိုးရာယဉ်ကျေးမှုပွဲများအဖြစ် ဆီမီးမြင်းမိုရ်ပွဲ၊ မီးထွန်းပွဲနှင့် သက်ကြီးဝါကြီးများ ပူဇော်ကန်တော့ပွဲတို့ကို ဆင်ယင်ကျင်းပကြသကဲ့သို့ပင် ဘာသာရေးအနှစ်သာရအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့တွင် “အဘိဓမ္မာအခါတော်နေ့” ကို ကျင်းပကြသည်။ ထို့အပြင် သာသနာ့ဝန်ထမ်းရဟန်းတော်များ၏ သံဃာ့အဖွဲ့အစည်းအတွင်း ဝိနည်းဒေသနာတော်အရ သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပရသည့် “ပဝါရဏာပွဲတော်” မှာလည်း စိတ်ဝင်စားဖွယ်၊ ကြည်ညိုသဒ္ဓါပွားဖွယ်၊ လူ့အဖွဲ့အစည်းအသင်းအပင်းများအတွင်း၌လည်း အတုယူကျင့်သုံးဖွယ်ပင်ဖြစ်သည်။
Oct 16, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်နေ့အထိ (၁၅) ရက်ကြာ ကောက်ယူခဲ့သည်။
Oct 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့ညပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ လဟာပြင်ဇာတ်ရုံ၌ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
Oct 16, 2024
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။
Oct 16, 2024
ရိုးရာယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အဆင့်အတန်း၊ ဂုဏ်ဒြပ်၊ ပုံရိပ်နှင့် သမိုင်းတို့ကို ပြဆိုနေသည်။ ထိုယဉ်ကျေးမှုအဆင့်အတန်း၊ ဂုဏ်ဒြပ်တို့ကို အစဉ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် နိုင်ငံတော်အစိုးရက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကျင်းပကာ မျိုးဆက်သစ်များ ဖော်ထုတ်မြှင့်တင်ပေးခဲ့သည်မှာ (၂၅)ကြိမ်မြောက် ငွေရတုခရီးပင် တိုင်ခဲ့ပြီဖြစ်ပါသည်။
Oct 16, 2024
အောက်တိုဘာ ၁၆ ရက်တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ “ပိုမိုကောင်းမွန်သည့်ဘဝနှင့် အနာဂတ်ရရှိရေး၊ လူသားတိုင်း စားရေရိက္ခာပြည့်မီအောင်ဖြည့်ဆည်းပေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
Oct 16, 2024
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများ၏ ရင်တွင်းခံစားချက် စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
Oct 16, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းတွင် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်ကိုယ်စားလှယ် Ms. Sara Austin Netzer ကို ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 16, 2024
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် “(၁၉)ကြိမ်မြောက်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ” သို့တက်ရောက်ရန် မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ်တရားသူကြီးချုပ် The Rt. Hon. Tun Tengku Maimun Binti Tuan Mat ၏ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Oct 16, 2024
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
Oct 16, 2024
နေပြည်တော် အောက်တိုဘာ ၁၅
၂၀၂၄ ခုနှစ်(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီး၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
Oct 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။
Oct 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီးသည် ယနေ့ညပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ လဟာပြင်ဇာတ်ရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ “မဟာ ဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
Oct 16, 2024
(၆)ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံကို အောက်တိုဘာ ၁၄ ရက်က တရုတ်နိုင်ငံ ရှင်းကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုရူမုချီမြို့၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာကိုယ်စားလှယ်အဖွဲ့အပါအဝင် နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ မီဒီယာအဖွဲ့များ၊ အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၀၀ ကျော်၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာမှအဖွဲ့အစည်းများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။
Oct 16, 2024
နှစ်စဉ် အောက်တိုဘာလ ၁၆ ရက်နေ့သည် ‘ကမ္ဘာ့စားနပ်ရိက္ခာနေ့’ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုတို့ တိုက်ဖျက်ရေးတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က အလေးထားဆောင်ရွက်ကြရန်အတွက် တိုက်တွန်းနှိုးဆော်သောနေ့လည်းဖြစ်သည်။ ယခုနှစ်ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သည့် ဘဝနှင့်အနာဂတ်ရရှိရေး လူသားတိုင်းစားရေရိက္ခာပြည့်မီအောင် ဖြည့်ဆည်းပေး- Right to Foods for a Better Life and a Better Future” ဟူ၍ ဖြစ်သည်။ ဤဆောင်ပုဒ်က လက်ရှိကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုနှင့် စိန်ခေါ်မှုများကို ထင်ဟပ်နေပြီး အခြေခံလူ့အခွင့်အရေးအရ လူတိုင်းလုံလောက် သောအာဟာရကို စားသုံးရရှိရန်နှင့် လူသားတို့၏ ပစ္စုပ္ပန်နှင့်အနာဂတ်တို့တွင် စားရေရိက္ခာ၏ အရေးပါသည့်အခန်းကဏ္ဍတို့ကို အလေးဂရုပြု နိုင်ရန် တိုက်တွန်းနှိုးဆော်ထားခြင်းလည်းဖြစ်သည်။
Oct 15, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း စက်တင်ဘာလ ၉ ရက် မှ ၁၂ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းအရှည် ၁၀၅ မိုင် အကျယ် ၁၈ ပေ ရှိ ကျိုင်းတုံ- ပန်လီ-မိုင်းခုတ်-မိုင်းဆတ်သွားကားလမ်းပေါ်၌ တောင်ပြိုပြီးလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။
Oct 15, 2024
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
Oct 15, 2024
တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မာပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Oct 15, 2024
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) တပ်မတော်ဆေးတက္ကသိုလ် ဆေးပညာဘွဲ့ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇)၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)တို့မှ ဗိုလ်လောင်းများသည် နည်းပြအုပ်ချုပ်သူများ လိုက်ပါ၍ အောက်တိုဘာ ၇ ရက်မှ ယနေ့အထိ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် နေပြည်တော်ကောင်စီနယ်မြေများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး ၎င်းမြို့များရှိ အထင်ကရနေရာများ၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာကြကာ တန်ခိုးကြီး ဘုရားစေတီများအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။