Oct 10, 2024
(၁၈) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေးကော်မတီ အစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူပါဝင်ရေးကော်မတီ အစည်းအဝေး၊ (၃၂) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များကြီးကြပ်မှုကော်မတီ အစည်းအဝေးနှင့် (၁၈) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အရင်းအမြစ်ရှာဖွေဖော်ထုတ်ရေး၊ ကြီးကြပ်ရေးနှင့်စစ်ဆေးအကဲဖြတ်ရေးကော်မတီ အစည်းအဝေးများကို အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ In Person စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။
Oct 10, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM)၏ Chief of Mission ဖြစ်သူ Mr. Daihei Mochizuki ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 10, 2024
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြိုနယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
Oct 10, 2024
ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ အလှူငွေများ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
Oct 10, 2024
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Oct 10, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Oct 10, 2024
ပြည်သူများ အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ၊ လုံခြုံရေးအမြင်များ အားလုံးတွင် ရှိထားကြဖို့ လိုအပ်မည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာဒေသများတွင် အေးချမ်းစွာနေထိုင်ကြပြီး လူမှုစီးပွားဘဝ အဆင်ပြေတိုးတက်ရေးအတွက် လှုပ်ရှားရုန်းကန် လုပ်ကိုင်နေကြသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။
Oct 10, 2024
မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ တတိယအကြိမ် ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
Oct 10, 2024
မြန်မာနိုင်ငံတွင်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်သည့် အထိမ်းအမှတ်အနေဖြင့် တည်ဆောက်မည့် စာဆိုဗိမာန်အဆောက်အဦ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ အဆိုပါမြေနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Oct 10, 2024
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ကြီး တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ယမန်နှစ် အောက်တိုဘာ ၁ ရက် ခန့်မှန်းချက်အရ လူဦးရေကိုးသန်း နေထိုင်ကြသည်ဟု သိရသည်။ ယင်းအနက် ၆၀ ရာခိုင်နှုန်းကျော်သည် မြို့ပေါ်တွင် နေထိုင်ကြပြီး ကျန် ၃၀ ရာခိုင်နှုန်းကျော်သာလျှင် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများအတွင်း နေထိုင်ကြခြင်း ဖြစ်သည်။
Oct 09, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာနှင့် တောင်ပို့သာကျေးရွာအား ဆက်သွယ်ထားသည့် လယ်ငယ်ချောင်းကူးတံတား ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သဖြင့် ယာယီဘေလီတံတား ထိုးနေမှုအခြေအနေကိုလည်းကောင်း၊ တောင်ပို့သာကျေးရွာနှင့်သကြား ဟင်းအိုးကျေးရွာအား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်း ရေတိုက်စားခဲ့မှု အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ ပြည်သူများ သွားလာမှုအဆင်ပြေစေရေး အလေးထားဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
Oct 09, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Oct 09, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် သိမ်းဆည်းရေးအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော
Oct 09, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ လောက်တန် (ခ) လောက်စန်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ ကိုလည်းကောင်း။
Oct 09, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာခုနစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၉၉၆၀၁၄) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Oct 09, 2024
စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများနှင့်အလှူရှင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေဘေးသင့်ခဲ့သည့် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာအုပ်စု ကြံဖိုစုကျေးရွာ လျှပ်စစ်မီးပြန်လည် သုံးစွဲနိုင်ခြင်းအခမ်းအနားကို အဆိုပါကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 09, 2024
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးကြသည်။
Oct 09, 2024
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နေပြည်တော်ကောင်စီ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာရှိ ပေါက်မြိုင် တိုက်သစ်ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို လျှောက်ထားကြသည်။
Oct 09, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 09, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးသို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံကာ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။