Skip to main content

Jan 18, 2021

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကာလရှည်ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် မတ်လတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)က ကြီးမှူးကျင်းပမည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

အများပြည်သူသုံး လမ်းမကြီးများတွင် စည်းကမ်းမဲ့ စက်ဘီးစီးနင်းပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အမှတ် (၃၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

ရှမ်းပြည်‌နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၌ ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန် ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက် ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေ ရိကန်ပြည်ထောင်စုမှ ၆၄ ဦး၊ ပနားမားမှ ၁၀ ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ ၃၆ ဦး မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၀ လိုက်ပါခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်၏ (၁၂)ကြိမ်မြောက် အသက်(၇၀)နှစ် နှင့်အထက် သက်ကြီးဝါရင့် အားကစား ကလောင်ရှင်ကြီးများအား သက်ကြီးပူဇော်ကန်တော့ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ KODDI ၏ ရန်ပုံငွေ ပံ့ပိုးကူညီမှုတို့နှင့်အတူ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)က မသန်စွမ်းသူများအတွက် ကိတ်နှင့်ကော်ဖီသင်တန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

ဂျပန်နိုင်ငံမှ ဗိသုကာပညာရှင် Mr. Kuma Kengo နှင့် ပူးပေါင်း၍ နိုင်ငံတကာ ပရိဘောဂ ဒီဇိုင်းပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအား ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားသောကြောင့် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ် ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

ကိုဗစ်ကာလအလွန် ခရီးသွားလည်ပတ်နိုင်သည့် ရန်ကုန်မြို့၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသော ဒလမြို့နယ်၌ အထင်ကရနေရာများ၊ ခေတ်မီပြောင်းလဲတိုးတက်လာမည့် မြို့ပြ အခြေအနေများ၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝပုံစံများကို လည်ပတ်လေ့လာနိုင်သလို၊ တွံတေးမြို့ရှိ သမိုင်းဝင် အဆောက်အအုံများ၊ ရှေးဟောင်းစဉ့်ဖိုများ၊ ကျုံး၊ နန်းတော်ကုန်း နေရာနှင့် အထင်ကရနေရာများ၊ အိုး လုပ်ငန်း၊ ဝါးဖြင့်ပြုလုပ်သည့် ဆန်ကော၊ ဆန်ခါလုပ်ငန်း များကို လေ့လာနိုင်ပေသည်။ ထို့အတူ ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စုရှိ သဘာဝအလျောက် ဖြစ်တည် နေသော ဆယ်အိမ်တန်းကျေးရွာနှင့် အလယ်ရွာကျေးရွာ ကြားရှိ ဆယ်အိမ်တန်းပင်လယ်ကမ်းခြေတို့သို့ လာရောက် အပန်းဖြေနိုင်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သည့် ပန်းပုပညာဖြင့် ထုဆစ်ပြုလုပ် ထားသော သစ်သားပန်းပုရုပ်များအား စားသောက်ဆိုင်များနှင့် အိမ်များတွင် အလှဆင်ရန် ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲနတ်တောင် ရေလှောင်တမံအား တောင်သူများအတွက် စိုက်ပျိုးရေပြည့်ဝစွာပေးဝေ နိုင်ရန် ပြုပြင်မှုများ ဆောင်ရွက်ပြီးဖြစ်၍ နွေသီးနှံစိုက်ဧက ၈၀၀ ကျော်အတွက် ဖေဖော်ဝါရီလ ပထမပတ်မှစ၍ စိုက်ပျိုး ရေများ ပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးစံမင်းထွန်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်