Skip to main content

မြန်မာ့ရိုးရာပန်းပုရုပ်များအား အလှဆင်ရန် ဝယ်ယူသူများပြား

သုဝဏ္ဏဝတီ ဇန်နဝါရီ ၁၇

မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သည့် ပန်းပုပညာဖြင့် ထုဆစ်ပြုလုပ်ထားသော သစ်သားပန်းပုရုပ် များအား စားသောက်ဆိုင်များနှင့် အိမ်များတွင် အလှဆင်ရန် ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။

ရောင်းချပေး

“မိမိကြိုက်နှစ်သက်တဲ့ သစ်အမျိုးအစား၊ ပုံသဏ္ဌာန်၊ အရွယ်အစားအလိုက် အော်ဒါမှာယူရင် ထုလုပ်ပေးနေပါတယ်။ လက်မအလိုက်၊ သစ်ဖိုး၊ လက်ခနဲ့ လိုအပ်တဲ့ အရောင်တင်ဆေးဖိုး ကုန်ကျစရိတ်တွေကိုတွက်ချက်ပြီး သင့်တော်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနေပါတယ်။ မြန်မာ့ ပန်းပုလောက တိုးတက်လာဖို့ လက်ဆင့်ကမ်းမယ့် လူငယ်တွေ လိုအပ်နေ ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဒါးပိန်ကျေးရွာမှ သုဝဏ္ဏဝတီမြို့သို့ အဖွဲ့လိုက် လာရောက် လုပ်ကိုင်နေသူ ကိုရှိန်းလူက ပြောသည်။

သစ်သားပန်းပုထုလုပ်ရာတွင် ဒေသအတွင်း ရရှိနိုင်သော ကျွန်း၊ ပျဉ်းကတိုး၊ ကုက္ကို၊ ပိတောက်၊ ရင်းတိုက် စသော အပင်များ၏ သစ်သား၊ အသုံးမဝင်တော့သည့် သစ်မြစ်ဆုံများပါ မကျန်၊ စားပွဲ၊ ကုလားထိုင်၊ ကြိုက်နှစ်သက်ရာ ပန်းပုရုပ်များကို ပြုလုပ်စေပြီး ‌ပြန်လည်ရောင်းချရန် နှင့် မိမိ၏ စားသောက်ဆိုင်တွင် အလှဆင်ရန် ဖြစ်ကြောင်း၊ ပန်းပုပညာကို စိတ်ဝင်စား၊ ဝါသနာပါ၍ အကျိုးအမြတ်ကို အဓိကမထားဘဲ ပန်းပုပညာရှင်များကို အားပေးရန် အတွက် သာဖြစ်ကြောင်း၊ နောင်အချိန်ကာလများတွင် ပန်းပုထုလုပ်ရာတွင် သစ်ကုန်ကြမ်းများ ရှားပါးလာနိုင် ကြောင်း သထုံ မြို့နယ် သုဝဏ္ဏဝတီမြို့၌ ပရိဘောဂရောင်းဝယ်ရေးဆိုင်မှ ဦးကျော်ဝေက ပြောသည်။

ခွန်(ဝင်းပ)