Feb 16, 2022
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပသည်။
Feb 16, 2022
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညပိုင်းက နေပြည်တော်ရှိ မြန်မာ့မီးရထားဘူတာကြီး၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ပြိုင်ပွဲဝင် အသင်းများ၊ ဝန်ထမ်းများ တက်ရောက်အားပေးကြသည်။
Feb 16, 2022
နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိ၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများအလိုက် စာသင်တိုက်များ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း တိုက်များသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ထောက်ပံ့လှူဒါန်း ပေးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် တမူးမြို့နယ် အေးချမ်းဝေစည် ဘုန်းတော်ကြီးကျောင်းတိုက်နှင့် အသောက သီလရှင်ကျောင်းတိုက် တို့အား ဆွမ်းဆန်၊ ဆီ၊ ပဲများ စသည့်
Feb 16, 2022
ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Feb 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် သီလဓမ္မကုန်းသာတော ရကျောင်းတိုက် ဦးစီးပဓာန နာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း သတ္တာသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုသည်။
Feb 16, 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀) ပြည့်အထိမ်းအမှတ် ရတနာစိန်ဖူးတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော် မူကြသည်။
Feb 16, 2022
မြန်မာနိုင်ငံသည် မြေဧရိယာအကျယ်အဝန်းနှင့် မှီတင်းနေထိုင်ကြသော ပြည်သူများအချိုးအရ ချောင်ချောင်ချိချိ နေထိုင်လုပ်ကိုင်နိုင်သော နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကအားထားလုပ် ကိုင်နိုင်သည့် ရေခံမြေခံကောင်းမွန်သော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း လူဦးရေ ၅၅ သန်းကျော် နေထိုင်ပြီး အသက် (၁၈) နှစ်အထက် လူဦးရေမှာ ၃၇ သန်းကျော်ခန့်ရှိသဖြင့် အလုပ်လုပ်နိုင်စွမ်း ရှိသည့် လူသားအရင်းအမြစ်များ ပေါများသည့်နိုင်ငံဖြစ်သည်။
Feb 16, 2022
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေးကို လူတိုင်းအလိုရှိ ကြသည်။ အလိုရှိကြသည့်အလျောက် ဆုတောင်းဆုပေးလည်း ပြုကြသည်။ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာရေးဟုဆိုရာတွင် ကျန်းမာရေးက အရင်းခံကျသည်။ စည်းစိမ်ချမ်းသာ မည်မျှကြွယ်ဝပြည့်စုံစေကာမူ ကျန်းမာရေး မပြည့်စုံပါက ချမ်းသာသည်မမည်။ သို့ဖြစ်သည့်အလျောက် လူတိုင်းလူတိုင်းက ကျန်းမာရေးအသိဖြင့် နေ့စဉ်ဘဝကို ကျန်းမာရေးနှင့် ညီညွတ်စွာသွားလာလှုပ်ရှား နေထိုင်စားသောက် နိုင်ကြရန်လိုသည်။
Feb 15, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 15, 2022
(၁၅-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။