မိုးညှင်း မတ် ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်ကားလမ်းနှင့် ရထားလမ်းဆုံအနီးရှိ ရွှေညီကို မော်တော်ယာဉ်ဂိတ်ရှေ့တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က မော်တော်ယာဉ်စီးနင်းလာသည့် အမည်မသိအမျိုးသား(၂)ဦးမှ သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။
ဖြစ်စဉ်မှာ ရွှေညီကိုမော်တော်ယာဉ်ဂိတ်ပိုင်ရှင် ဦးအောင်မျိုးသန့်သည် ၎င်းပိုင်ယာဉ်အမှတ် 7H/...( NISSAN) အမျိုးအစား Wingroad အဖြူရောင်ယာဉ်ပေါ်တွင်ရှိနေစဉ် မိုးညှင်းမြို့ဘက်မှ အမည်မသိ အမျိုးသား(၂)ဦး မောင်းနှင်လာသည့် Honda Fit ခဲရောင်သည် လမ်း၏တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိရပ်တန့်ပြီး ဦးအောင်မျိုးသန့် ၏မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် အချက်(၃၀)ခန့် ပစ်ခတ်ကာ ဟိုပင်မြို့၊ နန့်ရင်းကျေးရွာ၏အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
အဆိုပါပစ်ခတ်မှုခဲ့ကြောင့် ဦးအောင်မျိုးသန့် မှာ ယာဉ်ပေါ်တွင်ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး၊ ရွှေညီကိုမော် တော်ယာဉ်ဂိတ်မှူး ဦးနိုင်ကြီး၏ ရင်ညွန့်တွင် ကျည်ရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဟိုပင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီးဆေးဝါးကုသမှုခံယူလျက်ရှိ ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်