Skip to main content

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းဝေးတက်ရောက်ကြမည့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံ

နေပြည်တော် မတ် ၁၆

(၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN chiefs of Defence Forces Meeting (ACDFM-19) တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ယနေ့တွင် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၊ တာဝန်ရှိသူများနှင့် SOKHA Hotel ရှိ အစည်းအဝေးခန်းမ၌ သီးခြားစီတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Vong Pisen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးဌာနယာယီအကြီးအကဲ Major General Khamlieng OUTHAKAISONE ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ပြည်သူ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Senior Lieutenant General Nguyen Tan Cuong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များအား သီးခြားစီ တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲများအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၊ တာဝန်ရှိသူများသည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။