Skip to main content

May 26, 2022

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံကြီးကြပ်ညွှန်ကြားမှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ပါမောက္ခချုပ်က ဦးဆောင်ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းအင်အားဖြင့် ယနေ့နံနက် ၇ နာရီတွင် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assem-bly Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2022

နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်းသာယာတင့်တယ်သောဒေသ Green City၊ Clean City၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အပါအဝင် လယ်ယာကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသနေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၄ ရက်က နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေရှိ တိုင်းဒေသကြီး၊ ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2022

နိုင်ငံ့ဝန်ထမ်းများကို အရည်အချင်းပြည့်ဝပြီး ဘာသာရပ်အလိုက် ကျွမ်းကျင်သည့်ဝန်ထမ်းကောင်းများ ဖြစ်စေရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများကို ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များ၌ ဘွဲ့လွန်ပညာရပ်များသင်ကြားနိုင်ရန် စိစစ်ရွေးချယ်စေလွှတ် တက်ရောက်စေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2022

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်)တို့ပူးပေါင်း၍ သတင်းအမှား၊ သတင်းအမှန် ခွဲခြားသုံးသပ်နိုင်ရေးအတွက် သတင်းအမှန် ပြည်သူ့ထံခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို မေ ၂၅ ရက်က အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်(ရန်ကုန်)တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2022

မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသည် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်ကလေးတိုင်း၏ မိဘအုပ်ထိန်းသူများသည် ပူပန်ကြောင့်ကြမှု တစ်စုံတစ်ရာမရှိဘဲ စိတ်ချမ်းမြေ့စွာဖြင့် မိမိတို့၏ ရင်သွေးများအား စတင်ကျောင်းအပ်နေကြပြီ။ ကျောင်းအပ်နှံရာတွင် ငွေကြေးတစ်စုံတစ်ရာ ကုန်ကျမှုမရှိသော်လည်း မိမိတို့တတ်နိုင်သလို လိုအပ်သမျှကို ဖြည့်ဆည်းပေးကြသည်။ မတတ်နိုင်လျှင်လည်း စိတ်ပျက်အားငယ်စရာမလိုပေ။ လိုရင်းမှာ ပညာတတ်မြောက်ရေးသာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2022

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်အလုပ်လုပ်ကိုင်ရန် သွားရောက်သူများ ဖမ်းဆီးခံရသည့်သတင်းများကို ဆက်တိုက်ဆိုသလို တွေ့ရှိနေရသည်။ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်လမ်းများမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် တစ်ဖက်နိုင်ငံသို့ ခိုးဝင်ကြရာမှ ဖမ်းဆီးခံကြရခြင်းဖြစ်သည်။ ထိုင်းသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအများစု သွားရောက်အလုပ်လုပ်ကိုင်သည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ၍ ရှိနေသည်။ မြန်မာအလုပ်သမားများအဖို့ ထိုင်းသည် လုပ်ခဆွဲဆောင်မှုရှိခြင်း၊ စရိတ်ကုန်ကျမှုနည်းခြင်း၊ အလွယ်တကူသွားလာနိုင်ခြင်း စသည့်အချက်များကြောင့် သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအားရှေးရှု၍ အခြေခံပညာစာသင်ကျောင်းများအား မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကိုလိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကန့်ကွက်စာများရေးသားခြင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေမှုများအား တားဆီးနှောင့်ယှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်