Skip to main content

သတင်းအမှန်ပြည်သူ့ထံ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

ရန်ကုန် မေ ၂၅

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်)တို့ပူးပေါင်း၍ သတင်းအမှား၊ သတင်းအမှန် ခွဲခြားသုံးသပ်နိုင်ရေးအတွက် သတင်းအမှန် ပြည်သူ့ထံခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို မေ ၂၅ ရက်က အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်(ရန်ကုန်)တွင် ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၁)ဦးမျိုးထွန်း (မောင်စိမ်းနောင်- လယ်ဝေး)နှင့် အတွင်းရေးမှူး ဦးအောင်ပြည့်စုံတို့က ဆွေးနွေးဟောပြောကြသည်။

ဟောပြောပွဲသို့ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ်နှင့်အတူ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်စေရန်အတွက် သာဓကများ၊ အချက်အလက်များအပြည့်အစုံဖြင့် ဆွေးနွေးဟောပြောကာလူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသော သတင်းများကို နည်းပညာအသုံးပြု၍ အမှားအမှန်ခွဲခြားသုံးသပ်နိုင်မည့် နည်းလမ်းများအပြင် နိုင်ငံချစ်စိတ်၊ အမျိုး၊ ဘာသာ၊ သာသနာကို လေးစားသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရေး၊ နိုင်ငံချစ်စိတ်မြင့်မားရေးနှင့် စာပေဖတ်ရှုလေ့လာမှုပြုရေး ဆွေးနွေးဟောပြောကြသည်။

အခမ်းအနားတွင် ဟောပြောပေးသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များအား ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။  

သတင်းစဉ်