Skip to main content

May 25, 2022

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကော့သောင်းမြို့နယ်၊ ဂျလန်းကျေးရွာရှိ ကရဝိတ်ဘုရား၌အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၄၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 25, 2022

ခေတ်စနစ်နှင့်အညီ တောင်သူ လယ်သမားများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော် အစိုးရက လယ်ယာသုံးစက် ကိရိယာများအား လက်ငင်းစနစ်၊ အရစ်ကျစနစ်များဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက် ရှိကြောင်း၊ စက်ပြင်ဆင်ခြင်းနှင့် စနစ်တကျ နည်းမှန်လမ်းမှန် မောင်းနှင်သုံးစွဲ နိုင်ရေးအတွက် မြို့နယ်စက်မှု လယ်ယာစခန်းများတွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်(၂၈)ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

ကမ္ဘာပေါ်တွင် ယနေ့အချိန်ကာလအထိ ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် အလျှင်းပျောက်ကွယ်သွား ခြင်းမရှိသေးပေ။ ကူးစက်မှုမြန်ဆန်ပြင်းထန်သဖြင့် ကမ္ဘာ့ပြည်သူများ၏ နေထိုင်မှုဘဝများကို ကြီးမားစွာခြိမ်းခြောက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ထိုကြီးမားသော ကပ်ရောဂါဆိုးနှင့်အတူ မဖြစ်ဖူးသေးသော ရောဂါဆန်းများ၊ နှစ်စဉ်ပုံမှန်ဖြစ်နေကျ ကူးစက်ရောဂါများလည်းရှိနေသဖြင့် လူတစ်ဦးချင်း ကျန်းမာစွာနေထိုင်နိုင်ရေးကို အထူးဂရုစိုက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

​​​​​​​မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ လူမျိုးဟူသည့် ဝေါဟာရကို ပညာရှင်တို့က အဓိပ္ပာယ်အသီးသီး ဖွင့်ဆိုခဲ့ကြသည့်အနက် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီအလယ် ပစ္စယံညီလာခံမိန့်ခွန်းမှ “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်ခုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်သည်။” ဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကသာ လူမျိုးစုံစုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ၏ တည်တံ့ခိုင်မြဲမှု၊ အေးချမ်းသာယာမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို ဖော်ဆောင်နိုင်မည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်