Skip to main content

Dec 01, 2020

ယနေ့သည် ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်သည်မှာ နှစ်တစ်ရာပြည့်သောနေ့ ဖြစ်ပေသည်။ ရန်ကုန် တက္ကသိုလ် နှစ်တစ်ရာပြည့်ပြီဟူသည့်အသိက မြန်မာနိုင်ငံသားတို့ကို လွမ်းမောသွားစေပါသည်။ ရန်ကုန်တက္ကသိုလ် တွင် ကိုယ်တိုင်ကျောင်းတက်ခဲ့ဖူးသူများကလည်း အသီးသီးလွမ်းစရာတို့ကို ဖွဲ့နွဲ့ကြသည်။ လူချင်းတွေ့ကြ၊ ဆုံကြဖို့ ခက်ခဲနေသည့် ယခုလို ကိုဗစ်ကာလတွင် နည်းပညာတို့၏ အကူအညီဖြင့် လူမှုကွန်ရက်ပေါ်တွင် တွေ့ကြသည်။ တယ်လီဖုန်း၊ ကွန်ပျူတာတို့ ပေါ်ကတစ်ဆင့် တစ်ဦးချင်း နှစ်ဦးချင်းအစ၊ အစုအဖွဲ့အလိုက်ထိ၊ ကျောင်းတက်ခဲ့သူ သူငယ်ချင်းများ၊ နီးစပ်ရင်းနှီးခဲ့သူများ၊ ဆရာ ဆရာမများလည်း ပါဝင်တွေ့ဆုံကြ။ စကားလက်ဆုံကျကြ၊ င

ဆက်လက်ဖတ်ရှုရန်

Dec 01, 2020

မြန်မာနိုင်ငံ၏ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်(ယနေ့)တွင် နှစ်(၁၀၀)ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ကြုံတောင့်ကြုံခဲ တက္ကသိုလ်ရာပြည့်သဘင်ပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဝေဝေဆာဆာ ထည်ထည်ဝါဝါ ဖော်ဆောင်နိုင်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို ၁ တွင် Virtual စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2020

COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့၀န်ထမ်းများ ပိုမိုအားဖြည့် ပါ၀င် နိုင်ရေး အားပေးညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေနှင့်ပတ်သက်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁နာရီက တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရွှေတောင်မြို့အတွင်းရှိ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ရက်နေ့ဆိုလျှင် ရန်ကုန်တက္ကသိုလ်သည် နှစ် ၁၀၀ တင်းတင်း ပြည့်ပြီ။ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်များကို နိုင်ငံပိုင်မီဒီယာများတွင် နေ့စဉ်နှင့်အမျှ ဝေဝေဆာဆာ ထုတ်လွှင့်ဖော်ပြပေးနေမှု များကလည်း ထူးထူးခြားခြား မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ တက္ကသိုလ်၏သမိုင်း၊ သမိုင်းထဲကတက္ကသိုလ်၊ တက္ကသိုလ်အမှတ်တရ များ၊ တက္ကသိုလ်ပုံရိပ်များ၊ တက္ကသိုလ်ရင်ခုန်သံများ စသည်တို့က ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလ မှာ ပြန်လည်နိုးထ လှုပ်ရှားလာကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2020

ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပညာရေးလောကတွင်သာမက လွတ်လပ်ရေးကြိုးပမ်းမှု မြန်မာ့နိုင်ငံရေး လောကတွင်ပါ သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် တက္ကသိုလ်ကြီးဖြစ်သည်။ ကိုလိုနီခေတ်တွင် မြန်မာတစ်မျိုးသားလုံး ပညာသင်ယူမှု အခွင့်အလမ်းမညီမျှမှု၊ နိမ့်ကျမှုနှင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာသင်ယူနိုင်ခွင့် နည်းပါးမှုတို့ကြောင့် မြန်မာလူငယ်များ အဆင့်မြင့်ပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေမည့် အမျိုးသားပညာရေးစနစ် ဖြစ်ထွန်း လာအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

(၂၈-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅,၂၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၅၀၉) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ရာပြည့်သဘင် အခမ်းအနားနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီးတွင် တည်ဆောက် ပူဇော်ထားသော ထာဝရငြိမ်းချမ်းရေးစေတီတော် ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် ဂန္ဓကုဋိတိုက်အတွင်း၌ COVID-19 ကာကွယ် တားဆီးရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

(၂၈-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၄၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့သည် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ကသဲကုန်းမြို့နယ်၊ ရင်းတိုက်မှော်အုပ်စု၊ရှမ်းတောကျေးရွာနှင့် မအူပင်ကွေ့ကျေးရွာ တို့အား ဆက်သွယ်ထားသည့် အကျယ်(၁၀)ပေ၊အရှည် ၁၃၀ ပေခန့်ရှိ ကွန်ကရစ်အမျိုးအစား ဝဲကြီးချောင်းကူး (ဇေယျမင်္ဂလာတံတား)တည်ဆောက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

တပ်ကုန်း မြို့နယ်ညောင်လွန့်စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် 9A/6861 Dyna ယာဉ်မှ ယာဉ်မောင်း ဦးစိန်ဝင်းထွန်း၊ စည်ပင်တဘက္ကာကျေးရွာ ရမည်းသင်း မြို့နယ်နေသူနှင့် 8M/7441 Canter ခြောက်ဘီးယာဉ်မှ ယာဉ်မောင်း/ ယာဉ်ပိုင်ရှင် ဦးအောင်ဇော်မြင့်၊ ရှမ်းပွဲ ရပ်ကွက် ပျော်ဘွယ်မြို့နေသူတို့အားပေပင်လေးစစ်ဆေးရေးဂိတ်မှ စစ်ဆေးပေးသော RDT စစ်ဆေးချက်လက်မှတ် ကို မသင်္ကာသဖြင့် တပ်ကုန်းမြို့နယ် ဆရာဝန်ကြီးမှ ပျော်ဘွယ်မြို့နယ် ဆရာဝန်ကြီးထံသို့ Viber ဖြင့် ပေးပို့ တိုက်ဆိုင်စိစစ်ချက်အရ အဆိုပါ RDT စစ်ဆေးချက် လက်မှတ်မှာ အတုဖြစ်သည်ဟုသိရကြောင်း။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကနဦး ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်၊ ထောက်ကြန့်၊ ရွာသာကြီး၊ မန္တလေး)ရုံးများ၏ ကနဦးမှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများကို ၁.၁၂.၂၀၂၀ ရက် (အင်္ဂါနေ့)မှစတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၇၄ ဦးအား ကွာလာ လမ်ပူမြို့ရှိ မြန်မာသံရုံးက စီစဉ်သည့် (၃၄)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

မြန်မာတို့၏ ၁၂ လရာသီတွင် တန်ဆောင်မုန်းလသည် ရာသီကူးပြောင်းစ ဆောင်းကာလဖြစ်သည်။ ယခင်က အလွန်ချမ်းအေးသောရာသီ၊ ယခုဆောင်း ဟူ၍သာ ဆိုလောက်သောရာသီဖြစ်သည်။ ကောင်းကင်၌ တိမ်လွှာကင်းစင် ပြီး ပတ်ဝန်းကျင်တစ်ခွင် ပန်းပေါင်းစုံလင် ဖူးပွင့်ဝေဆာသဖြင့် သာယာလှပ သည်။ တန်ဆောင်မုန်းလပြည့်ညတွင်ကား မိုးသားကြည်လင် နက္ခတ်စုံလင် တောက်ပသည်။ ။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ၂၄ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးသူ ၁၇၉၂၄ ဦးအနက် ရောဂါပိုးရှိကြောင်း တွေ့ရှိ သည့် ဓာတ်ခွဲအတည်ပြုလူနာ ၁၃၄၄ ဦးရှိ၏။ ၂၄ နာရီ အတွင်း ကိုဗစ်ရောဂါကြောင့် တိမ်းပါးဆုံးရှုံးရသူ ၂၂ ဦးရှိ၏။ ကိုဗစ်စတင်ဝင်ရောက်ချိန်ကစ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း မှာ ရှစ်သောင်းရှစ်ထောင်နီးပါး ရှိသည်။ ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူ ခြောက်သောင်းခုနစ်ထောင်ကျော် ရှိနေ သည်။ စစ်ဆေးသူဦးရေနှင့် ရောဂါပိုးတွေ့ရှိသည်ဟု ဓာတ်ခွဲ အတည်ပြုထားသူဦးရေအချိုးမှာ ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၅ ရာခိုင်နှုန်းနီးပါးဖြစ်၏။ ထိုအချိုး ရာခိုင်နှုန်း ၅ရာခိုင်နှုန်းအောက် သို့ရောက်အောင် အားလုံးသော ကျန်းမာရေးဝန်ထမ်းများက ကြိုးပမ်းနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အထွေထွေအနေ အထားကို ဆန်းစစ်ပြီး ရောဂါပြန့်ပွားမှုကို လျှော့ချနိုင်ရန်နှင့် လုံးဝကင်းရှင်းရန်ကို အစွမ်းကုန်ကြိုးပမ်းနေကြခြင်းဖြစ်၏။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2020

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှု အခြေအနေနှင့် တစ်ပြည်လုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွားမှုများသော မြို့နယ်များ အားလုံး၌ ဆောင်ရွက်နေသော ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက် ဆောင်ရွက်နေမှုများအား အသေးစိတ် တင်ပြဆွေးနွေးခြင်း အစည်းအဝေးကို ယမန်နေ့ က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2020

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပသည့် “ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉အပေါ်မြန်မာနိုင်ငံ တုံ့ပြန်မှု”ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပရာ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကိုကို (စက်မှု တက္ကသိုလ်)နှင့် ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟောပြောဆွေးနွေးသူများနှင့် ဧည့်ပရိသတ်များက အွန်လိုင်း ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်