Skip to main content

Jul 11, 2021

(၁၀-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၁၁၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၃,၄၆၁) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၈၆၆,၈၁၄) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၉၂,၂၁၃) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Covid 19 ရောဂါကာကွယ်ကုသမှု လုပ်ငန်းစဉ်များအား အထောက်အကူဖြစ်စေရန်အတွက် ဆေးဝါးနှင့် ဆက်စပ်စက်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်းစဉ်များအား ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အချိန်နှစ်တပြေး ညီခွင့်ပြု ဆောင်ရွက်ပေး လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့၊ ဇလွန်မြို့၊ လေးမျက်နှာမြို့၊ မြန်အောင်မြို့နှင့် အင်္ဂပူမြို့ မအူပင်ခရိုင် ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့၊ ဖျာပုံခရိုင် ဖျာပုံမြို့များရှိ လူစည်ကားရာ ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့်အတူ ပါးစပ်၊ နှာခေါင်းစည်း ၂၄၀၀၀ ကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့သွားရောက်ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ် (မကွေး)၊ မကွေး ပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့ရှိ ကိုဗစ်-၁၉ ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် ဓာတ်ခွဲအတည်ပြု လူနာများအတွက် ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်၍ အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

ဒီလိုဆောင်ရွက်ချက်တွေအနက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာ တိုင်းရင်း သားလက်နက်ကိုင်တွေ ကြီးစိုးနေတဲ့နေရာဒေသ တွေကနေ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တချို့ကို ကောက်နုတ် ဖော်ပြလိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG၊ CRPH စသည့် အကြမ်းဖက် အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုကို ထိခိုက်ပျက်ပြား စေရန်နှင့် ၎င်းတို့၏ ဝါဒဖြန့်စည်းရုံးမှုများကို မထောက်ခံသည့် ပြည်သူလူထုအား အကြောက်တရား လွှမ်းမိုးနေစေရန် ရည်ရွယ်၍ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦ များကို မိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူပုဂိ္ဂုလ်များအား ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် အကြမ်းဖက် အဖွဲ့အစည်း များ၏ သွေးဆောင်စည်းရုံးခံရမှု ကြောင့် PDF အပါအဝင် အခြားအကြမ်းဖက် အဖွဲ့အစည်း အချို့ကို စုဖွဲ့၍ မြို့/ရွာ အချို့အား အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်။ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိသည့် အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၉၂၉၇ ဦးနှင့် အတွင်းလူနာပေါင်း ၇၈၁၈၅ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်ပေါများပြီး အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ အရှေ့ဘက်တွင် တနင်္သာရီတောင်တန်းတို့နှင့် ဆက်စပ်လျက်ရှိသောကြောင့် ကမ်းရိုးတန်းလွင်ပြင် ကျဉ်းမြောင်း သည်။ ။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလ၌ ရန်ကုန်မြို့အတွင်း မဖြစ်မနေသွားလာလှုပ်ရှားနေသော ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)က ပြည်သူများ ပူးပေါင်းပါဝင် လှူဒါန်းမှုနှင့်အတူ နှာခေါင်းစည်း စုစုပေါင်း နှစ်သိန်းခွဲကျော်ကို အခမဲ့ဖြန့်ဝေပေး မည်ဖြစ်ကြောင်း YRTC မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ရေဒီယိုနားဆင်သူ ပရိသတ်များအတွက် သတင်းနှင့် ဗဟုသုတအဖြာဖြာ၊ ကောင်းနိုးရာရာ တေးသီချင်းများအပြင် ကျန်းမာရေးနှင့် အမေးအဖြေ အစီအစဉ်များ အပါအဝင် အစီအစဉ် ပေါင်း စုံလင်စွာဖြင့် သပြေရေဒီယိုကို ဇူလိုင် ၁၁ ရက် (ယနေ့) တွင် စတင်ထုတ်လွှင့်နေပြီဖြစ်သည်။ ။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

“အဓိကကတော့ ကာကွယ်ရေးပိုင်းက အရေးအကြီးဆုံးပဲ။ ကာကွယ်ရေးမှာ မနိုင် လို့ရှိရင် ကုသရေးမှာလည်း တော်တော် heavy ဖြစ်မယ်။ အဲဒီတော့ ကာကွယ်ရေးက အရေးအကြီးဆုံးပဲ။ ကာကွယ်ရေးကို ဦးစားပေးပြီးတော့ လုပ်တာတော့ ပိုကောင်း မယ်လို့ ကျွန်တော်ပြောချင် ပါတယ်။ ဒါကြောင့် အများပြည်သူကနေပြီးတော့မှ လိုက်နာရမယ့်စည်းကမ်းတွေ တလေးတစား ကို လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုကလည်း Co-operation Co-ordination ပေါ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့လည်းလိုတယ်” ဟု ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2021

ကိုဗစ်-၁၉ ကပ်ရောဂါသည် လူတစ်ဦးချင်းစီက မိမိကိုယ်ကို မည်မျှတာဝန်ယူနိုင်သည်ကို စမ်းသပ်နေသည့်သဖွယ်ပင် ဖြစ်သည်။ လွန်စွာ လွယ်ကူရိုးရှင်းသလောက် ရောဂါပိုးကူးစက် မှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည့် နည်းလမ်း ကလေး အနည်းငယ်ကို မပျက်မကွက် ကျင့်သုံးရုံမျှဖြင့် ကိုဗစ်၁၉ ကပ်ရောဂါမှ ရှောင်ရှားနိုင်သည်ကို လူအတော်များများက သိကြသည်။ သိပင်သိသော်ငြားလည်း လက်တွေ့ကျင့်သုံးရာတွင်မူ မှန်မှန်ကန်ကန်၊ တိတိကျကျ ပြုလုပ်သူက နည်းသည်။ သို့ဖြင့် ဗီဇပြောင်းလာသည့် ရောဂါပိုးမျိုးကွဲသစ်တို့ ပေါ်လာသည့်အခါ ကူးစက်နှုန်း၊ ဆေးရုံတက်နှုန်း၊ သေနှုန်းတို့ မြင့်တက်လာသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2021

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Jul 10, 2021

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Jul 10, 2021

တိုင်းပြည်တစ်ခုတည်ဆောက်ရေးမှာ သယံဇာတ တွေ၊ နည်းပညာနဲ့ အရင်းအနှီး၊ စီးပွားရေးနဲ့ နိုင်ငံ ရေးစနစ်တွေ အစရှိတဲ့ကိစ္စရပ်တွေကိုပဲ အာရုံစိုက် နေလို့မရဘဲနဲ့ ဒီကိစ္စတွေအားလုံးထက် အခြေခံ ကျတဲ့၊ အရေးပါတဲ့ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအာရုံစိုက်ကြမှသာ အောင်မြင်နိုင်ပါမယ်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2021

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ပအထောက်အပံ့နဲ့ ရပ်တည်နေတဲ့ ပြည်တွင်းမီဒီယာတွေ၊ အဆိုးမြင် ပြည်ပမီဒီယာတွေက သတင်းတုသတင်းမှားတွေ ထုတ်ပြန်လျက်ရှိပါတယ်။ သံတမန်ကျင့်ဝတ်နဲ့မညီတဲ့ အချို့ အနောက်နိုင်ငံသံတမန်အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအချို့ကလည်း အဲဒီသတင်းတုသတင်းမှားတွေကို အခြေခံပြီး တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာကို မြင်တွေ့နေရပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး အေးသဇင်မြင့် က MRTV မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-

ဆက်လက်ဖတ်ရှုရန်