Nov 26, 2020
ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှုကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံခဲ့သည်။
Nov 26, 2020
4th China–ASEAN Information Harbor Forum ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Cyberspace Administration ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော် မရှင်၊ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် ကွမ်းရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့ ပူးပေါင်း၍ ယနေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည်။
Nov 26, 2020
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် တရုတ်ကွန်မြူ နစ်ပါတီနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီတို့အကြား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲအခမ်းအနား (CPC in Dialogue with Political Parties of Southeast Asian Countries) သို့ တက်ရောက် မိန့်ခွန်း ပြောကြားသည်။
Nov 26, 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈)၊ လားရှိုး-မန္တလေး သွားကားလမ်းတွင် သတင်းအရ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့ဘက်သို့ စိုင်းလျှန်းစိုင်း မောင်းနှင်ပြီး
Nov 26, 2020
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် “ရန်ကုန်တက္ကသိုလ် မြကျွန်းညို” ရောင်စုံဓာတ်ပုံ၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနှင့် ကာတွန်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်အနုပညာရပ်ဝန်းခန်းမ၌ ကျင်းပသည်။
Nov 26, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၂နာရီက ကိုရီးယားပြည်သူ့သမ္မတနိုင်ငံနေ စေတနာရှင်များက တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်−၁၉ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်း များအား လာရောက်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
Nov 26, 2020
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ စုပေါင်းမဟာဘုံကထိန်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့သည်။
Nov 26, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒဿမအကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
Nov 26, 2020
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို ရခိုင် ပြည်နယ် မောင်တောမြို့ အမှတ်(၁) လူဝင်/ထွက် စစ်ဆေး ရေးစခန်း (POE)၌ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ကျင်းပ သည်။
Nov 26, 2020
မြန်မာ့စီးပွားရေးလုပ်ငန်းများကို နည်းပညာအသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Nov 26, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၆၅ ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် All Nippon Airways (ANA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Nov 26, 2020
မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၀) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 26, 2020
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား(MRTV)နှင့် တရုတ် နိုင်ငံ အမျိုးသားရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန(NRTA)တို့ ရုပ်သံကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချွန်လွှာအရ ၂၀၂၀ ပြည့် နှစ် မြန်မာ့မီဒီယာပေါင်းစည်းရေးနှင့် ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်ရေး အွန်လိုင်းသင်တန်းကို ယနေ့ နံနက် ပိုင်းကကျင်းပရာ ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများအပါအဝင် မိတ်ဖက် ရုပ်သံလွှင့်မီဒီယာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
Nov 26, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးနှင့် Thailand International Cooperation Agency တို့က PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်း များနှင့် FAVIPIRAVIR ဆေးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် (၅)ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Nov 26, 2020
၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ပြီးသည့်နောက် လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများအထိ ကမ္ဘာ့အလယ်တွင် ဝင့်ထည်သောတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ တစ်ခေတ်တစ်ခါက အရှေ့တောင်အာရှတွင် အကောင်းဆုံးတက္ကသိုလ်၊ အာရှတွင် အလှပဆုံး တက္ကသိုလ်အဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့ရသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ် ကြီးသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ နှလုံးသည်းပွတ် တွင် အမြတ်တနိုးတန်ဖိုးထားစရာ ဖြစ်ခဲ့သည်။
Nov 26, 2020
လူသတ်ခြင်းသည် ဥပဒေအရဖြစ်စေ၊ ကိုးကွယ်ယုံကြည်မှုအရ ဖြစ်စေ၊ လူမျိုး၏ ဓလေ့ထုံးတမ်းအရဖြစ်စေ ကြီးစွာသော အပြစ်ဖြစ်၏။ ကြီးစွာသော အကုသိုလ်ဖြစ်၏။
Nov 25, 2020
အလုပ်အကိုင်အခွင့်အလမ်း ၃,၃၀၀ ခန့် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကခွင့်ပြု
Nov 25, 2020
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၀) ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
Nov 25, 2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
Nov 25, 2020
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။