Skip to main content

တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော် ဇူလိုင်  ၉

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် တောင်ငူခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့သို့ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးက COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် Mask ၅၀ ဗူး၊ PPE ဝတ်စုံ ၁၀ စုံ၊ Face Sheild ၅၀ ခု၊ Hand Gel ၄၀ ဗူးနှင့် လက်အိတ် ၁၀၀ ခု တို့ကို ပေးအပ်လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်