နေပြည်တော် ဇူလိုင် ၉
လူအများအပြားသေကျေစေသော လက်နက် ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ Virtual စနစ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး “လူအများအပြားသေကျေ စေသော လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတွင် ဘဏ်များ၏အခန်းကဏ္ဍ” နှင့် “လက်တွေ့ ဆောင်ရွက်ရာတွင် တွေ့ကြုံရသောအခက်အခဲများအား ဆွေးနွေးခြင်း” အစီအစဉ်တို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အရာထမ်းများက ဆွေးနွေးပြောကြားကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ဘဏ်ခွဲများနှင့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်