Jul 09, 2021
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ်(၂၂)ကို ဇူလိုင် ၉ ရက် ညနေပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
Jul 09, 2021
ဆူပူအကြမ်းဖက်မှုကိုလိုလားသူ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက် စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင် ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း၊ လုံခြုံရေး ဆောင် ရွက်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင် လျက်ရှိသည်။
Jul 09, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေလိုသူ အကြမ်း ဖက် အဖွဲ့များအနေဖြင့် လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှား လျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင် တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှု မရှိဘဲ လုပ်ဆောင်လျက် ရှိသည်။
Jul 09, 2021
ခမ်းနားလှသော တိုက်တာကြီးများ၊ ထည်ဝါလှ သော အိမ်ကြီးအိမ်ကောင်းများသည် လမ်းဘေး ဝဲယာတွင် တန်းစီလျက်ရှိကြ၏။ တိုက်တိုင်း အိမ်တိုင်းမှာပင် ကိုယ်ပိုင်ဥယျာဉ်ရေကန်များရှိကြ သဖြင့် ကျက်သရေမင်္ဂလာ ရှိလှပေသည်။
Jul 09, 2021
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပ ခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းစိစစ်တွေ့ချက်များနှင့် ပြည်သူ့လွှတ်တော် ဆန္ဒမဲ လက်မှတ်များ မြေပြင်ဖွင့်ဖောက်စစ်ဆေးခဲ့မှုအခြေအနေ မြို့နယ်အလိုက် စိစစ်တွေ့ရှိမှုစာရင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ တစ်ခုချင်းအလိုက် စိစစ်တွေ့ရှိမှု စာရင်းချုပ် များကို ၁၆- ၂- ၂၀၂၁ ရက်နေ့မှ ၇- ၇- ၂၀၂၁ ရက်နေ့အထိ စိစစ်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
Jul 09, 2021
မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို တရားဝင် မှတ်ပုံတင်ပေးနေပြီဖြစ်သည်။ ကညနရုံးစိုက်သည့် တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်ရုံးပေါင်း ၄၉ ရုံးမှာ One Stop Services စီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ရာ ဝစ်သောက်ဆိုင်ကယ်ကို မျက်နှာငယ်ငယ် စီးနင်းနေမည့် အစား သက်ဆိုင်ရာသို့ အခွန်အခများပေးဆောင်ပြီး တရားဝင်မှတ်ပုံတင်ဆိုင်ကယ်ကို ရင်ကော့စီးနိုင်ရန် အခွင့် အရေးရခြင်းပင်ဖြစ်သည်။ သည့်အ
Jul 09, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှာ တစ်နေ့ထက်တစ်နေ့ မြင့်မား လာသည်။ ဇူလိုင် ၇ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၃၉၀၀ ကျပ်မှ ဇူလိုင် ၈ ရက်တွင် ရောဂါပိုးတွေ့သူ ၄၀၀၀ ကျော် ဖြစ်လာခဲ့သည်။ ရောဂါကြောင့် သေဆုံးသူမှာ ဇူလိုင် ၇ ရက်က ၅၇ ဦးနှင့် ဇူလိုင် ၈ ရက်တွင် ၅၁ ဦးရှိသည်။ ယင်းမှာ ပိုးတွေ့ လူနာများမှ ပေါ်ထွက်လာသော ရလဒ်ဖြစ်ပြီး ရောဂါဖြစ်ပွားမှု စစ်ဆေးခြင်း မပြုနိုင်သော ပြည်သူများကို ထည့်ပေါင်းလျှင် ယင်းထက်ပင် ပိုများမည်မှာ သေချာသည်။
Jul 08, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ (၈-၇-၂၀၂၁) ရက်နေ့၊ ည (၇)နာရီ
Jul 08, 2021
(၇-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၉၂၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄,၁၃၂) ဦး တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၈၂၅,၈၂၂)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၈၀,၀၅၅) ဦး ရှိပြီ ဖြစ်ပါသည်။
Jul 08, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့နှင့် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည် တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ကျင်းပသည်။
Jul 08, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ဇူလိုင် ၅ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီကြပ်ရေးရုံးသို့ ရောက်ရှိပြီး ရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများကို ကြည့်ရှုစစ်ဆေးသည်။
Jul 08, 2021
အရည်အသွေးမြင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 08, 2021
တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်းနှင့် တိရစ္ဆာန်အစာချဉ်ဖတ်ထုတ်လုပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 08, 2021
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှု ရရှိရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ စခန်းသွင်း လေ့ကျင့် လျက်ရှိသော မြှားပစ်အားကစားနည်း ပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လု ပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် တက်ရောက်ကြည့်ရှုအားပေးကာ ဆုများ ချီးမြှင့်သည်။
Jul 08, 2021
ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အားကစားဆိုင်ရာဝန်ကြီးများ၏ တားမြစ်ဆေးဝါးဆိုင်ရာ အမြင်ချင်းဖလှယ်ခြင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပရာ မြန်မာနိုင်ငံမှ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဆွေးနွေးသည်။
Jul 08, 2021
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment ဖြင့် ဝယ်ယူ နိုင်မည့်စနစ် စတင်မိတ်ဆက်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာ့အာမခံ လုပ်ငန်း(ရုံးချုပ်) ဆဌမထပ် အစည်းအဝေးခန်းမ၌ Online Webinar ဖြင့် ကျင်းပသည်။
Jul 08, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း(၃)၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
Jul 08, 2021
(၅၄)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများဖြစ်သည့် (၃၉) ကြိမ်မြောက် အာဆီယံ+တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့အစည်းအဝေး၊ (၂၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယခရီးသွားလုပ်ငန်းအဖွဲ့ အစည်း အဝေးများကို အင်ဒိုနီးရှားနိုင်ငံမှဦးဆောင်၍ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့၌ နံနက်၈နာရီခွဲတွင် ဗွီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
Jul 08, 2021
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဆောင်းချိန် မှော်ဆီဇာကျေးရွာ သွားကားလမ်းတွင် ချာလီ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀ကိုလည်းကောင်း၊
Jul 08, 2021
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
