Skip to main content

Jul 12, 2021

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၇/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

(၁၁-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၄၃၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅,၀၁၄) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၈၈၁,၂၄၆) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၉၇,၂၂၇) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရုံးအမှတ်-၂၈၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

တစ်ဦးတစ်ယောက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံပင် ဖြစ်စေကာမူ ချီတက်နေတဲ့ လမ်းကြောင်းတစ်ခုပန်းတိုင်ရောက်ဖို့ အလှမ်းဝေးနေဆဲဆိုရင် မတိုးတက်ဘူး၊ အောင်မြင် သင့်သလောက်မအောင်မြင်ဘူးဆိုရင် ကိုယ့်ကိုယ် ကိုယ်ပြန်ဆန်းစစ်ပါ။ ဘယ်နေရာမှာ အမှားများနေ သလဲ၊ ဆုံးဖြတ်ချက်တွေ တလွဲဖြစ်နေသလား၊ ဘယ်အချက်တွေပြုပြင်ရမလဲ၊ ဘယ်သူက ဖောက်နေ သလဲ၊ စေ့စေ့ငငကို လေ့လာသုံးသပ် အဖြေရှာရမှာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

(၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်မည့် ဇူလိုင် ၁၉ ရက်(တနင်္လာနေ့) ၌ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အများပြည်သူ ဖူးမြော်ကြည်ညိုခွင့်ကို ယာယီတစ်ရက် ပိတ်ထားမည်ဖြစ်ရာ ဇူလိုင် ၂၀ ရက်မှစတင်၍ ယခင် အစီအစဉ်အတိုင်း ဖူးမြော်ခွင့်ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

ပညာပေးလုပ်ငန်းများဆောင်ရွက် နေပြည်တော် ဇူလိုင် ၁၁ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံရှိ ရေချို/ရေငန် ရေပြင်များတွင် ငါး/ပုစွန်မျိုးများ မပြုန်းတီးစေဘဲ ငါး/ပုစွန်အထွက်တိုးစေရန် မျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့တိုးပွားစေရန်နှင့် ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ရေနေသတ္တဝါ (အရှင်)များ၏ မိတ်လိုက်၊ မျိုးပွားရာသီချိန်ကာလ ငါးရစ်တက်ချိန်များတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုကြရန် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များဖြင့် တားမြစ်ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ် ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံ တို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစား နေရသည့် ဒေသခံပြည်သူ များကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၌ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ အကြမ်းဖက်ဖောက်ခွဲရေး သမား ၅ ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ရွှေဆိုင်တစ်ဆိုင်အား သေနတ်ပြ၍ ခြိမ်းခြောက် လုယူရန် ကြိုးစားခဲ့သူ ၅ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဖမ်းဆီးခဲ့ရာ လုယူရန်ကြိုးစားခဲ့သူ အမျိုးသား ၁ ဦးအား ပစ္စတိုသေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ CDM ပြုလုပ် နေသူများအား ငွေကြေးထောက်ပံ့သူ အမျိုးသမီး ၁ ဦးနှင့် CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင် ၆ ဦး တို့အား လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

 မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ နဒီမြန်မာဟိုတယ်၌ Covid-19 Test Centre ပြုလုပ်ထားရှိမှုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေး ရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Best Management ဖြစ်အောင် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တိုင်းမှူး က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် အတွင်း ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့သောင်းမြို့နယ် ခမောက် ကြီးမြို့ အနီး ဘုတ်ပြင်းကော့သောင်းသွား ကားလမ်း ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၂၃၇) နှင့် (၂၃၈) ကြားရှိ ကတ္တရာကားလမ်း အရှည် (၄)ဖာလုံခန့် နေရာကို ခမောက် ကြီး ချောင်းရေမြင့်တက်လာမှု ကြောင့် ကားလမ်းရေကျော်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

အကျဉ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ရုံး၏ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို နေပြည်တော်ကောင်စီ နယ်မြေ နေပြည်တော် အချုပ်ထောင် မြေနေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန ချမ်းမြသာစည် မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ် ရေပေးရေးစီမံကိန်း လုပ်ငန်း စတင်ခြင်း မြေသန့်မင်္ဂလာနှင့် ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ စီမံကိန်းတည်ရှိရာ ပြည်ကြီးတံခွန်မြို့နယ် (ဆဆ၃၆) ၅၆ လမ်းနှင့် ၅၇ လမ်းကြား ၊ ၁၂၇ လမ်းနှင့် ၁၂၈ လမ်းကြားရှိ ပြည်ကြီးမန္တလာပန်းခြံအနီး ဘောလုံး ကွင်းအတွင်း မြေနေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း၌ ခရီးသွားပြည်သူများ အဆင်ပြေစေရန်ရည်ရွယ်၍ ရန်ကုန်မြို့မှ ထွက်ခွာနေသော မြန်မာ့မီးရထား ခရီးစဉ်များကို ရပ်နားခြင်းမရှိဘဲ ယခင်မူလအတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

ဤကမ္ဘာမြေ သတ္တလောကကြီးတွင် လူသားတို့နှင့် သတ္တဝါအားလုံး အသက်ရှင်သန် နေထိုင်ကြသည်။ သတ္တဝါအားလုံး အသက်ရှင်သန်နေထိုင်နိုင်ရေးအတွက် ဤကမ္ဘာ မြေကျန်းမာရေးသည် အရေးကြီးသည်။ ကမ္ဘာမြေကျန်းမာရေးဟုဆိုရာ၌ ကမ္ဘာပေါ် ရှိသက်ရှိသတ္တဝါအားလုံးရှင်သန်ရေးအတွက် ကမ္ဘာကြီး ငြိမ်းချမ်းသာယာဝပြောရေး နှင့်ဆိုင်ရာ ကိစ္စအဝဝကို အထူးအလေးထားရန် ဆိုလိုခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးကိရိယာပစ္စည်းများ တင်သွင်းခွင့် ရပ်ဆိုင်းခြင်းဟူသော ရုံးစာတစ်စောင် ဖေ့စ်ဘုတ်တွင် ပျံ့နှံ့နေခြင်းနှင့်အတူ ပြည်သူ လူထု အတွင်း၌လည်း စိုးရိမ်ထိတ်လန့်မှုနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လာ ကြသည်။ ၎င်းစာအရ နှာခေါင်းစည်း၊ လက်အိတ်၊ PPE ဝတ်စုံ၊ အောက်ဆီဂျင်ဘူး၊ အောက်ဆီဂျင်စက် စသည်တို့ကို တင်သွင်းခွင့် ရပ်ဆိုင်းရန် ဟူ၍ ပါရှိရာ ကိုဗစ်-၁၉ တတိယလှိုင်း အရှိန်မြင့်တက် လာချိန်ဖြစ်သည့်အလျောက် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုတို့ ဖြစ်လာရခြင်းဖြစ်သည်။ သို့ရာတွင် ဖေ့စ်ဘုတ်ပေါ်မှ အဆိုပါ ရုံးစာသည် အကုသာဖြစ်ပြီး ပြည်သူလူထုကို သတင်းအမှားပေးကာ ဆေးနှင့် ဆေးပစ္စည်းများ ဈေးကွက်တွင် ဈေးနှုန်းမြင့်တက်လာရေး နှင့်တစ်ပြိုင် တည်းမှာပင် နိုင်ငံရေးအမြတ် ထုတ်ရန်ကိုပါ ရည်ရွယ် သည့် ယုတ်ညံ့သော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်