Skip to main content

Oct 11, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ PSO နဲ့ ကားသမားတစ်ယောက် CDM လုပ်သွားသည်ဆိုပြီး ပြည်ဖျက်မီဒီယာ များက မဟုတ်မမှန် ထုတ်လွှင့်နေတာရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများကလည်း ဝိုင်းဝန်းမေးမြန်း လာသည့်အတွက် ပြောကြားရခြင်းဖြစ်ကြောင်း၊ ၎င်းသတင်းသည် မမှန်ကန်ပါကြောင်း၊ မိမိတို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ PSO နဲ့ ကားသမားတို့က သူ့တာဝန်နဲ့သူ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ထိုနေရာမှာ လွန်ခဲ့သည့်တစ်လလောက်က ဆက်သွယ်ရေး တပ်ဖွဲ့မှ စစ်သည်တစ်ယောက် ခွင့်မဲ့ပျက်ကွက်ဖြစ်သွားသည့် ဖြစ်စဉ်လည်းရှိကြောင်း ဖြေကြား သည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

မကွေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့် ခြင်းကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ရှိ နယ်မြေခံ တပ်နယ်ခန်းမ၌ ပြုလုပ်ရာ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက် ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

လာမည့်နှစ်ပေါင်း ၃၀ ကာလတွင် ကမ္ဘာပေါ်ရှိ မြို့ကြီးများ၌ နေထိုင်သူ လူဦးရေသည် လက်ရှိ လူဦးရေ၏ နှစ်ဆဖြစ်လာဖွယ် ရှိသည်ဟုဆိုသည်။ မိမိတို့နိုင်ငံတွင်လည်း မြို့ပြများသို့ပြောင်းရွှေ့ အခြေချမှုများပြားလျက်ရှိရာ စီးပွားရေးမြို့တော် ရန်ကုန်၏လူဦးရေမှာလည်း လျင်လျင်မြန်မြန် တိုးလာခဲ့သည်။ လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၇ ဒသမ ၈ သန်းကျော် နေထိုင်လျက်ရှိရာအများစုမှာ ရန်ကုန် မြို့တော်ကြီးနှင့် ဆင်ခြေဖုံး မြို့နယ်များတွင် နေထိုင်နေကြခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒများကို မည့်သည့်လူမျိုး၊မည့်သည့်နိုင်ငံကမျှ လက်ခံကြ ခြင်း မရှိသည့်အပြင် ၎င်းတို့နိုင်ငံ၌ အကြမ်းဖက်နှင့်အစွန်းရောက်မှုများပေါ်ပေါက်လာလျှင် ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်းမြစ်ဖြတ်ချေမှုန်း တိုက်ဖျက်ကြ သည်ကို တွေ့ရမည်ဖြစ် သည်။ သို့သော် ယခုအခါ နိုင်ငံတကာအသိုက် အဝန်းအချို့၌ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက် မှုများ အားပေးလာသည်ကို တွေ့ရသည်။ “ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တို ဘာလ ၉ ရက်နေ့က နိုင်ငံတကာအသိုက်အဝန်းများ အနေဖြင့် အကြမ်းဖက်ဝါဒနှင့်အစွန်းရောက်ဝါဒတို့ကို လျစ်လျူရှုခြင်း မပြုကြရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားကြရန် စစ်မှန်စွာမျှော်လင့် ကြောင်း သတင်း ထုတ်ပြန်ထားရာ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒတို့ကို မလိုလားသောနိုင်ငံများ အနေဖြင့် လက်တွဲပူးပေါင်းတိုက်ဖျက် သင့်ကြပေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦး သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲဝင် စီးပွားရေး ရာဝန်ကြီး ဦးအောင်သန်းဦးနှင့်အတူ ယနေ့ နံနက်ပိုင်းက တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နှင့် ပန်းမန်လက္ကားဈေးသစ် ကြီး၊ ရွှေပိ တောက်ငါးဈေးနှင့် သီရိမင်္ဂလာ ဟင်းသီး ဟင်းရွက်ဈေးများတွင် လက်လီ လက်ကား ရောင်းချ နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများ၊ မြန်မာ နိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ ဟိုတယ်ဇုန်ဥက္ကဋ္ဌများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ နီလာ အစည်း အဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်မှုနှင့်ပတ်သက်ပြီး နေပြည်တော် ဒုတိယပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးတို့အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၈၉ ဦး၊ အမျိုးသမီး ၁၆၁ ဦး၊ စုစုပေါင်း ၃၅၀ ဦးနှင့် လောက်ကိုင်မြို့၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိ ရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရွှေသံလွင်မီဒီယာကုမ္ပဏီတို့၏ ရုပ်သံလုပ်ငန်းများကို လိုက်လံကြည့်ရှုပြီး အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

ရေလှောင်တမံကြီးများ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်သာယာလှပရေး၊ လျာထား စိုက်ဧကပြည့် ဆည်ရေပေးဝေနိုင်ရေး ၊ ဆည်ရေစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ ၊ အသိပညာ ဖြန့်ဝေရေးလုပ်ငန်းများကို လုပ်ငန်းကဏ္ဍတစ်ခုချင်းအလိုက် တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း ယနေ့နံနက်ပိုင်းတွင် ငမိုးရိပ်ရေလှောင်တမံသို့ ရောက်ရှိစစ် ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2021

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဌာန (ရေအရင်းအမြစ်) မှ တာဝန်ယူဆောင်ရွက်လျက် ရှိသော လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းအား ယနေ့ နံနက်ပိုင်းတွင်မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်