Skip to main content

စိုက်ပျိုးထုတ်လုပ်သူများအတွက် နေ့စဉ်စျေးကွက် သတင်းအချက်အလက်အချိန်နှင့်တစ်ပြေးညီ ရရှိရေး ဆောင်ရွက်ရန်လိုအပ်

နေပြည်တော် အောက်တိုဘာ ၁၀

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦး သည်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲဝင် စီးပွားရေး ရာဝန်ကြီး ဦးအောင်သန်းဦးနှင့်အတူ ယနေ့ နံနက်ပိုင်းက  တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နှင့် ပန်းမန်လက္ကားဈေးသစ် ကြီး၊ ရွှေပိ တောက်ငါးဈေးနှင့် သီရိမင်္ဂလာ ဟင်းသီး ဟင်းရွက်ဈေးများတွင် လက်လီ လက်ကား ရောင်းချ နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စားသုံးသူများအတွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံ နှင့် သားငါးများ လတ်လတ် ဆတ်ဆတ်စားသုံးနိုင်ကြစေရန်နှင့် စိုက်ပျိုး ထုတ်လုပ်သူများအတွက် စျေးကွက်ရရှိရန်၊ မှန်ကန်သည့် စျေးနှုန်းရရှိရန် လက္ကားစျေးများ၏ အခန်းကဏ္ဍသည် အရေးပါ ကြောင်း၊ လူဦးရေ ၇ ဒသမ ၈ သန်းရှိသော ရန်ကုန်မြိုကဲ့သို လူဦးရေ ထူထပ်သည့် မြိုကြီးများ၌ လက္ကားစျေးများ  မရှိမဖြစ် လိုအပ်ပါကြောင်း၊ တစ်ချိန်တည်း တွင် လက်ကားစျေးသို ရောက်ရှိလာ သော ကုန်စည်များ၌ ဓါတုဗေဒပစ္စည်း ဓါတ်ကြွင်းများ မကျန်ရှိစေရေး ၊ စားသုံးသူများ အန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေးကြပ်မတ်ခြင်းကိုလည်း ဆောင်ရွက်ရန် လိုအပ် လျက်ရှိရာ သက်ဆိုင်ရာ ဆက်စပ်ဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွား မည်ဖြစ်ကြောင်း  ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များကို  ဆွေးနွေး ပြောကြားသည်။

ရန်ကုန်မြိုတော်အတွင်းရှိဈေးများ ယခုထက်ပိုမို စနစ်ကျနစေရေး၊ ခေတ်မီအအေးခန်း များ မြှင့်တင်တည်ဆောက်ရေး၊ တန်ဖိုးမြင့်အစားအသောက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ ပြည်ပပိုကုန် ပြုပြင်ထုပ်ပိုး သိုလှောင်ခြင်းလုပ်ငန်းများတိုးချဲ့ရေးနှင့် ယာဉ်ကြော ပိတ်ဆိုမှုများ မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲက  စီမံဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

ယင်းနောက် ဈေးအုပ်ချုပ်ရေးရုံးများနှင့် ဈေးရုံဆိုင်ခန်းများသို ရောက်ရှိစစ်ဆေးစဉ်  ပြည်ထောင်စု ဝန်ကြီးက စိုက်ပျိုးထုတ်လုပ်သူများအတွက် လက်က္ကားစျေးများ၏ နေ့စဉ် စျေးကွက် သတင်း အချက်အလက် Market Information များ အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ ရရှိနိုင်မှသာ သီးနှံအမျိုးအစားနှင့် ထုတ်လုပ်ရမည့် ပမာဏကို ချိန်ဆ ဆောင်ရွက်နိုင် ကြမည်ဖြစ်ကြောင်း၊ သိုမှသာ ဈေးကွက်လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်မည် ဖြစ်သကဲ့သို အခြားတစ်ဘက် တွင်လည်း လေလွင့်ဆုံးရှုးမှုမရှိ ထုတ်လုပ်နိုင်မည်ဖြစ်၍ စိုက်ပျိုး ထုတ်လုပ်သူ၊ ပြုပြင်ထုပ်ပိုး သိုလှောင် ရောင်းချသူများ နှင့် စားသုံးသူများအားလုံး အတွက် ပိုမိုအကျိုးရှိနိုင် ကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)