နေပြည်တော် အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဌာန (ရေအရင်းအမြစ်) မှ တာဝန်ယူဆောင်ရွက်လျက် ရှိသော လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းအား ယနေ့ နံနက်ပိုင်းတွင်မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးကြသည်။
လက်ပံခြေပေါ်မြစ်ရေတင် စီမံကိန်းသည် ၁၉၉၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ညောင်ဦး ခရိုင်အတွင်းရှိ စိုက်ပျိုးဧက ၁၀၀၀ ကျော်ကို အကျိုးဖြစ်ထွန်းစေလျက် ရှိပြီး ယခုတည်ဆောက်လျက် ရှိသည့် လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းပြီးဆုံးပါက မြစ်ရေတင် စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်