Mar 25, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 25, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 25, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၃/၂၀၂၁ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို မတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာ၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စား လှယ်များက သတင်းမီဒီယာများ၏ သိရှိ လိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Mar 25, 2021
တပ်မတော်အနေဖြင့် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် (၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများကို COMD-19 ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်း များအား တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်း များနှင့် ကာကွယ်ဆေးထိုးနှံပေး ခြင်းများကို ဆောင်ရွက် ပေးလျက် ရှိသည်။
Mar 25, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင် ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၉၂၅၀၄ ဦး၊ အတွင်းလူနာ ၄၁၈၅ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာ များကို ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ် သောလူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေး ခြင်းများ ဆောင်ရွက်ပေးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော် ဆေးရုံ များနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင် ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၉၂၅၀၄ ဦး၊ အတွင်းလူနာ ၄၁၈၅ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာ များကို ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ် သောလူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေး ခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေ စေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေး သည်။
Mar 25, 2021
နေပြည်တော် မတ် ၂၄ သီရိလင်္ကာနိုင်ငံတွင် ပညာတော်သင်သွားရောက် ခဲ့ကြသည့် ရဟန်းတော် ၉၁ ပါးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း ရပ်ကွက် လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) အနီး မင်းဓမ္မကုန်းမြေရှိ သီရိမင်္ဂလာမာသာသနာ့ ဗိမာန်တော်ရှိ COMID-19 ရောဂါသီးသန့်စောင့်ကြည့် Quarantine Center သီးသန့်ထားရှိရာမှ ယနေ့တွင် သတ်မှတ်ရက် ပြည့်မြောက်သဖြင့် သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ကြွရောက်တော်မူကြသည်။ ။
Mar 25, 2021
လတ်တလော ဖြစ်ပွားနေသည့် Civil Disobedience Movement (CDM) လှုပ်ရှားမှုနှင့် အကြမ်းဖက်ဆန္ဒပြမှုများအပေါ် တာဝန်သိနိုင်ငံ့ဝန်ထမ်း ပြည်သူ တစ်ဦးဖြစ်သော ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦး စီးမှူး ဦးဇော်မျိုးဝင်း အား ၎င်း၏ အမြင်နှင့် ခံစားချက်များကို မေးမြန်းပြီး ဖော်ပြလိုက်ပါသည် -
Mar 25, 2021
(၇၆)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံဆေးတပ်ရင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိ သော အရာရှိ၊ စစ်သည်၊ သူနာပြုများနှင့် ဆေးရုံတက်လူနာများအတွက် အလှူရှင်များကအလှူငွေပေးအပ်ခြင်းကို ယမန်နေ့က အနောက်တောင် တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်အောင် နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
Mar 25, 2021
လူ့အခွင့်အရေးကောင်စီ၏ (၄၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဥရောပသမဂ္ဂ ( ယူ)မှ တင်သွင်းသည့် “မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက်အဆို (Resolution) အပေါ်ဆွေးနွေးခြင်းကို ယနေ့တွင် ဂျီနီဗာမြို့၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ကြိုတင်ရိုက်ကူး ထားသော ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြား သည်။
Mar 25, 2021
ကိုရီးယားသမ္မတနိုင်ငံ၏တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ သည့် စီမံကိန်းများ၏လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် တို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပ သည်။
Mar 25, 2021
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော တပ်မတော် သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို အစဉ်တစိုက် ထမ်းဆောင်လျက်ရှိပါသည်။ ထို့ကြောင့် တပ်မတော်သည် အဓိက တာဝန်ဖြစ်သည့် ကာကွယ်ရေးတာဝန်အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ထာဝရ ဦးထိပ် ပန်ဆင်လျက်ရှိသည်။
Mar 25, 2021
စက်ရုံများ မီးလောင်ပျက်စီးခဲ့သည့်အတွက် အလုပ်လက်မဲ့ ဖြစ်သွားကြရသည့် အလုပ်သမားများ လူမှုဖူလုံရေး ထောက်ပံ့ငွေများ လျှောက်ထားနိုင်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ကြေညာသည်။ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများ ထောက်ပံ့ငွေ လျှောက်ထားကြရမှာဖြစ်သည်။ စက်ရုံပေါင်း ၁၈ ရုံ မီးရှို့ခံ ခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် အလုပ်သမားအများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ကိန်းဂဏန်း များအရ အမျိုးသား ၂၂၂၉ ဦး၊ အမျိုးသမီး ၁၃၄၂၈ ဦး စုစုပေါင်း ၁၅၆၅၇ ဦး အလုပ်လက်မဲ့ခဲ့ရပြီဖြစ်ရာ သူတို့၏ နောက်ကွယ်တွင် မှီခို နေကြသည့် မိသားစုများ မည်မျှဒုက္ခအခက်အခဲတို့နှင့် ရင်ဆိုင်ကြရဦးမည်နည်း။ အနာဂတ်နေ့ရက်များကို မည်သို့ ဖြတ်သန်းကြမည်နည်း။ ။
Mar 24, 2021
၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၅ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ မြောက်ပိုင်းခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးအား အင်းစိန် လမ်းမကြီး အတိုင်းမောင်းနှင်လာသော ယာဉ်အမှတ်(စိစစ်ဆဲ) Landcruiser ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး (စိစစ်ဆဲ)မှ မီးပုလင်းဖြင့် အကြောင်းမဲ့ရန်ပြုပစ်ပေါက်ကာ မရမ်းကုန်းမြို့နယ်ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေး သွားခဲ့ပါသည်။
Mar 24, 2021
အကြမ်းဖက်ဆန္ဒပြရာတွင် ပါဝင်သောလူငယ်များအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနှင့် ချိတ်ဆက်၍ ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက် မည်ဖြစ်ကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးပို့ချက်အရသတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေး လုပ်ငန်းများအား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Mar 24, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြခဲ့သူများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရာ ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ အင်းစိန် ဗဟိုအကျဉ်း ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သူ ၆၂၈ ဦးအား လွှတ်ပေးခဲ့သည်။
Mar 24, 2021
၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက်ကိရိယာများ ပြုလုပ် နေကြောင်းသတင်းအရ ရန်ကင်းမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ မြနန္ဒာလမ်း၊ ခြံအမှတ် (၄၄၉)ရှိ မင်းလွင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ပါသည်။
Mar 24, 2021
၂၀၂၁ ခုနှစ် မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားရှိကြောင်း သတင်းအရ မကွေးမြို့၊ မဲထီးလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ယခင်လက်နက်မှုဖြင့်ထောင်ကျဘူးသူ
Mar 24, 2021
နေပြည်တော်၊ မတ် ၂၄ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်၊ နွယ်နီလမ်းနေ နိုင်ဝင်း(ခ)ကုလား (၂၈)နှစ် (ဘ) ဦးပြည်သိမ်းသည် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးစစ်ဆေးဖော်ထုတ်ချက်အရ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ သီတာအောက်လမ်းနေ အောင်ကိုကိုမြင့်(တိမ်းရှောင်) (၂၆)နှစ် (ဘ) ဦးသိန်းဟန်၏ နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ် အတွင်းမှ အရှည် ၄ ပေ ၅လက်မခန့်ရှိ ဘောစိဖြင့်ပစ်ခတ်ရသော လက်လုပ်သေနတ် ၁ လက်၊ အရှည် ၂ ပေ ၆ လက်မခန့်ရှိ သစ်သားဒင် ၁ ချောင်း၊ အလျား ၃.၅ လက်မခန့်ရှိ သံစပရိန် ၁