Skip to main content

Oct 12, 2021

မင်္ဂလာနေ့လယ်ခင်းပါ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁၂.၁၀.၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီး၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၅၆ ဦးတို့ကို လက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ တပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များ၏ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို သွားရောက် ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ရန်ကုန် အောက်တိုဘာ ၁၁ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲ လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံနှင့်ပတ်သက်၍ တာဝန်နှင့် ဝတ္တရား များလွှဲပြောင်းသည့်စာချုပ်(Deed of Assignment) ချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်အောက်တိုဘာလ၁၀ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံမှာကြားရာ၌ “မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေး ဆောင်ရွက်ရန်အတွက် ပြည်သူများ ပူးပေါင်း ဆောင်ရွက်လာအောင် ပြည်သူနှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန်လိုကြောင်း၊ လုံခြုံရေးအား တိုက်ရိုက် တာဝန်ယူရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပေါ့ပေါ့ဆဆဆောင်ရွက်ခြင်း မရှိအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုပြီး သတိဖြင့် တာဝန် ထမ်းဆောင်ရန်လိုကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူငယ်ဟူသော ဖွင့်ဆိုချက်တွင် အကျုံးဝင်သည့် အသက်အပိုင်း အခြားအလိုက် လူဦးရေ အချိုးအစားကို ကြည့်လျှင် အသက် ၁၅ နှစ်မှ ၁၉ နှစ်ထိ ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ ၂၀ နှစ်မှ ၂၄ နှစ်ထိ ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၅ နှစ်မှ ၂၉ နှစ်ထိ ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၃၀ နှစ်မှ ၃၄ နှစ်ထိ ၇ ဒသမ ၇၅ ရာခိုင်နှုန်းပါဝင်သည်။ အဆိုပါ အသက်အရွယ်သည် ပညာသင်ကြားသည့်အရွယ်နှင့် အလုပ်အကိုင် ဝင်ရောက်သည့် အရွယ်များဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ဖန်တီးတည်ဆောက် ရာတွင် လက်ကိုင်ပြုရမည့် အင်အားများလည်း ဖြစ်သည်။ လူငယ်များသည် တစ်နည်းအားဖြင့် နိုင်ငံအတွက် အရေးကြီးသည့်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အလျောက် တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေး ရမည့်နည်းတူ လူငယ်ထုအပေါ်တွင် ကျရောက်လာမည့် မူးယစ်ဆေးဝါးအပါအဝင် အန္တရာယ်များစွာတို့မှလည်း ကာကွယ်ပေးရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

အာဆီယံနိုင်ငံအချင်းချင်း နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှုအာမခံ လက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းများကို ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် ASEAN Compulsory Motor Insurance (ACMI) စနစ်အား အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး အသုံးပြုသွားနိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အာမခံအဖွဲ့အစည်းများအကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်သ‌ဘောတူစာချုပ်အဖွဲ့ (UNFCCC) အတွင်းရေးမှူးရုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအုပ်စု၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘူတန်နိုင်ငံ တော်ဝင်အစိုးရက အိမ်ရှင်အဖြစ်ဦးဆောင်၍ “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အုပ်စု ဝန်ကြီးများ အစည်းအဝေး” ကို ယနေ့ညနေပိုင်းတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အဖွဲ့ဝင် ၄၆ နိုင်ငံမှ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ငွေကျပ် သိန်း ၄,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးခင်မောင်ကြီးနှင့် ဒေါ်ခင်မေရီတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၀၀/၂၀၁၉ (တနင်္သာရီ)၊ ၁၀၁ / ၂၀၁၉ (မန္တလေး)၊ ၁၀၂ / ၂၀၁၉ (မန္တလေး) နှင့် ၁၀၄ / ၂၀၁၉ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

(၁၂) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေးကော်မတီ အစည်းအဝေး (12th ASEAN Tourism Competitiveness Committee Meeting- ATCC) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြားဆက်စပ်ပစ္စည်းများကို

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘက်ဂျက်(၆)လအတွင်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှုကို တင်ပြခြင်း (Online) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ (အောက်တိုဘာလမှ မတ်လ) စီမံကိန်းရည်မှန်းချက် များနှင့် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အောက်တိုဘာ (၉) ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)၌ စက်ရုံ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

ကြံခင်းမြို့နယ်၊ ကလို့ကွင်းကျေးရွာတွင် PDF သင်တန်းဆင်း အကြမ်းဖက်သမားတစ်ဦး ရောက်ရှိနေ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီး၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရ

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲနှင့် ကျောက်တံတား မြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပညာ့အလင်း ခေတ်မီစာကြည့် တိုက်များကို သွားရောက်စစ်ဆေး၍ သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများသတင်းအချက်အလက် မှန်ကန် စွာ ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြား ဆက်စပ် ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြဝတီနှင့်ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း(၂)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂)ခုမှ ယာဉ်စီးရေ(၃)စီးဖြင့် အောက်ဆီဂျင် (အရည်အိုး) Bowser ယာဉ်ဖြင့် ၊ အောက်ဆီ တန် (၂၀)နှင့် နှာခေါင်းစည်း (Mask) (၈) တန် တင်သွင်းခဲ့ပြီး အောက်ဆီဂျင်(အရည်အိုး) Bowser ယာဉ် (၁) စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

ရန်ကုန်မြို့တွင် ပြီးခဲ့သောလအနည်းငယ်အတွင်း၌ စက်သုံးဆီ စံချိန်တင်ဈေးမြင့်ခဲ့သော်လည်း ယခုရက် အနည်းငယ်အတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း ရန်ကုန် မြို့တွင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်