Oct 25, 2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်သန်းသည် စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးနေလင်းနှင့် ဝန်ထမ်းများနှင့်အတူ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး၊ ငါးသယံဇာတ ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှု မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ရေလုပ်သားများအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အောက်တိုဘာ ၂၃ ရက်က ဆောင်ရွက်ခဲ့သည်။
Oct 25, 2021
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ EXIM Bank ချေးငွေ ရယူထားသော သမဝါယမ အသင်း ၈၂ သင်းမှ အသင်းသားပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများ အဆင်ပြေစေရန်အတွက် သမဝါယမကဏ္ဍမှ တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အသင်းသားပြည်သူ ၃၁၅၅ ဦးသို့
Oct 25, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၂၄ ရက်၌ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီနှစ်ခုတို့မှ Syringe ၂၆၉၆၈ ခု၊ Fistula Needle Set ၂၀၀၊ Hemoclialusis Blood Circuits ၈၄၀၊ Medical Adhesive Tape ၁၃၇၆၀၊ Mask ၂၉၆၁ Kg၊ Liquid Oxygen ၁၅၃၃၁ m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Oct 25, 2021
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင်အလှူ ရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Oct 25, 2021
(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏ ထုံးစံအတိုင်း တစ်ဖက်သတ် အစီရင်ခံစာများအပေါ် အပြန်အလှန် ဆွေးနွေးမှုများကို ၂၂-၁၀-၂၀၂၁ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းမတိုင်မီ ၂၁-၁၀-၂၀၂၁ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။
Oct 25, 2021
မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံ၏ အောက်တို ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အပေါ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနကသဘောထား တုံ့ပြန် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ကြေညာချက်သည် အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်လျက်ရှိသည်။
Oct 25, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း များအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွား မည်ဟူသော လုပ်ငန်းစဉ်တစ်ရပ်လည်း ပါဝင်သည်။
Oct 24, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Oct 24, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညပိုင်းတွင် မန္တလေးမြို့ Pullman ဟိုတယ်၌ မြို့မတူရိယာအသင်းကြီးမှ အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အသင်းကြီး၏ ဖျော်ဖြေ တင်ဆက်မှုအား ကြည့်ရှုအားပေးသည်။
Oct 24, 2021
ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၆)နှစ်မြောက် အခါသမယတွင် လှိုက်လှဲစွာ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကိုယ်စား ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။ ယနေ့လူသားတို့၏ လိုအပ်ချက်များကို အမှန်တကယ် ထင်ဟပ်စေသည့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ရည်မှန်းချက်များကို ပိုမိုအကောင်အထည်ဖော်နိုင်ပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
Oct 24, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည့်အခြေအနေ ရှိပါက ကျောင်းသား၊ ဆရာ၊ မိဘများ စိတ်အေးချမ်းသာစွာဖြင့် စာပေပညာသင်ကြားနိုင်ရေး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ထိုးနှံပေးလျက်ရှိသည်။
Oct 24, 2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင် တော်အပိုင်း(၁)အား တည်ထားပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာ မဏ္ဍပ်တော်၌ ကျင်းပပြုလုပ်သည်။
Oct 24, 2021
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်တွင် ကျင်းပခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အဆိုပါ အစည်းအဝေးနှင့်ပတ်သက်၍ ကြေညာချက်ကို ၁၆-၁၀-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)သည် ၁၈-၁၀-၂၀၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ လည်းကောင်း၊ ၁၉-၁၀-၂၀၂၁ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာဘက်သို့ သံတမန်လမ်းကြောင်းမှ လည်းကောင်း၊ ၁၅-၁၀-၂၀၂၁ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့သည့် ကိစ္စကိုလည်းကောင်း ဖော်ပြခဲ့ပါသည်။
Oct 24, 2021
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၌ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ မူအားဖြင့် ဘုံသဘောတူညီ ချက် (၅) ရပ် ရရှိခဲ့သည်။
Oct 23, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Oct 23, 2021
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
Oct 23, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်အား အမျိုးသား ၆ ဦး (စိစစ်ဆဲ)က သေနတ်ပြ ခြိမ်း ခြောက်ကာ ငွေကျပ်သိန်း ၃၀၀၀ ကျော်အား လုယက်ယူဆောင် သွားခဲ့ကြောင်း သိရသည်။
Oct 23, 2021
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်နေ့ တွင် ကျင်းပခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံသည် အဆိုပါ အစည်းအဝေး နှင့် ပတ်သက်၍ ကြေညာချက်ကို ၁၆-၁၀-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
Oct 23, 2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Oct 23, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုး နှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်း များအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ် တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
