Skip to main content

Apr 20, 2021

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြင်းချိုင့်ကွက်သစ်ရပ်၊ မြို့ပြသီရိလမ်းနေ စစ်မှုထမ်းဟောင်းအငြိမ်းစားတစ်ဦးဖြစ်သူ ဦးဟန်အေး(ဘ) ဦးတင်အေး၏ နေအိမ်အား ဧပြီ ၁၈ ရက် ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူ ၂၀ ဦးခန့်က အိမ်တံခါးများ ချိုးဖျက်ဝင်ရောက်၍ နေအိမ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းများအား ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ယနေ့တွင် နိုင်ငံတေ်အကြည်အညို ပျက်စေမည့်စာရွက်များ ဖြန့်ဝေနေသူအမျိုးသား ၁ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

နိုင်ငံတော်အတွင်း မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲထိန်းသိမ်းခဲ့ပြီး ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်သူများအား အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ လက်နက် ကိုင်ဆောင် လိုခြင်းမရှိသည့် ပြည်သူလူထုမှ လေသေနတ်၊ တူမီးသေနတ်၊ လက်လုပ်သေနတ် များအား အုပ်ချုပ်ရေး တာဝန်ရှိ သူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက် နေ့စဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

အကြမ်းဖက်ဆန္ဒပြရာတွင်ပါဝင်သော လူငယ်များအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနှင့်ချိတ်ဆက်၍ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက်မည်ဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေး လုပ်ငန်းများအား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထား ကိုးကွယ်မည့် နေပြည်တော် ကောင်စီနယ်မြေသို့ သတ္တမအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ အတွက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆေးပဒေသာပင် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဉီး နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်ဆေးရုံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

ဧပြီလ ၉ ရက်တွင် ဖြစ်ပွားခဲ့သော ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း အတား အဆီးများအား လုံခြုံရေး တပ်ဖွဲ့ ဝင်များက ဖယ်ရှားရှင်းလင်းစဉ် ဆူပူအကြမ်းဖက်သူများ က ရန်ပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ ၁၀-၄-၂၀၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖြစ်စဉ်သတင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင် လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေး ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

ပြည်တွင်းထုတ်ကုန် မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသ များတွင် နေထိုင်ကြပြီး အဓိက စီးပွားရေးအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ယင်းတို့နှင့် ဆက်စပ် နေသည့်လုပ်ငန်းများ ဖြင့် အသက်မွေးကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း စိုက်ပျိုး ရေးနှင့် မွေးမြူရေးထုတ်ကုန်တို့အပေါ်တွင် အခြေစိုက်ထားခြင်းဖြစ် သည့်တိုင်အောင် ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ခေတ်နောက်ကျကျန်နေဆဲ၊ ယှဉ်ပြိုင်နိုင်စွမ်းနည်းပါး နေဆဲလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

ဆက်လက်ထိန်းသိမ်းကာကွယ် မြန်မာနိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက် ရောဂါမဖြစ်ပွားအောင် ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် ၂၀၂၀ ပြည့်နှစ်တစ်နှစ်လုံး ကမ္ဘာတစ်ခွင် ကူးစက်ပြန့်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်လည်း ပြီးဆုံးခြင်းမရှိသေးပေ။ ယခုအခါ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်လာပြီးတစ် ကမ္ဘာလုံး ဆိုင်ရာ ကိုဗစ်-၁၉ကူးစက်မှုနှုန်းအမြင့်ဆုံးအနေအထား သို့ နီးကပ်လာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး က ဧပြီလ ၁၆ ရက်နေ့က အသိ ပေးထားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများ အားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2021

သီပေါမြို့နယ်တွင် ယခုနှစ် မြန်မာ့ ရိုးရာအတာ သင်္ကြန်ကာလ၌ မြို့ပေါ်ရှိ ဘုရားကျောင်းကန်များ နှင့်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်များ၌ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ရိပ်သာများ၌ တရား စခန်းဝင်ခြင်း၊ ဒုလ္လဘ ရဟန်းဝတ်ခြင်း၊ သံဃာတော်များ နှင့် ရိပ်သာဝင်ယောဂီတို့အား အရုဏ် ဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းများဖြင့် နှစ်သစ်ကူးကာလ မုဒိတာပွား ကြည်နူးဖွယ် တွေ့ရသည်။ အတာသင်္ကြန်အကြိုနေ့မှ အစ ပြုလျက် သင်္ကြန်အတက်နေ့ အထိ သီပေါမြို့ နန်းဦးပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကစဉ္စဏအရှင် သူမြတ်အား အမှူးထား၍ တပည့် ဒါယကာ ဒါယိကာမများ၊ အလှူရှင်များ စုပေါင်းဦးဆောင် ပြီး နန်းဦးပရိယတ္တိ စာသင်တိုက်စေတီတော် မြတ်ကြီး၏ အရပ်ရှစ် မျက်နှာထောင့်များအလိုက် သဲပုံ စေတီတော်ရှစ်ဆူကို ရှေးရိုးရာ အစဉ်အလာမပျက် လှူဒါန်း ပူဇော်ကြသည်။ ။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2021

ယနေ့နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ သိလိုမှုများ ရှိနေကြသည်။ မြန်မာနိုင်ငံကို (ဝါ) လက်ရှိမြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ် မပြုကြောင်း အမနာပပြောကြားမှု အချို့ကလည်း ရှိနေသည်။ ။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ နှစ်သစ်အန္တရာယ်ကင်း ပရိတ် တရားတော် နာယူခြင်း အခမ်းအနားကို ဧပြီ၁၇ ရက် ညနေပိုင်း က နေပြည်တော်ရုံးအမှတ် (၁၅) ၌ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2021

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ မတ္တရာ ပြည်သူ့ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်း မြို့နယ် ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံ မှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစား နေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ် သော လူနာများအားခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်