အင်္ဂပူ အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ EXIM Bank ချေးငွေ ရယူထားသော သမဝါယမ အသင်း ၈၂ သင်းမှ အသင်းသားပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများ အဆင်ပြေစေရန်အတွက် သမဝါယမကဏ္ဍမှ တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အသင်းသားပြည်သူ ၃၁၅၅ ဦးသို့ စုဆောင်းငွေပေါ်အတိုးငွေ ကျပ်သိန်း ၂၉၀ ကျော်ကို မြို့နယ်သမဝါယမ ဦးစီးဌာနမှ အသင်းအမှုဆောင်များထံသို့ ပေးအပ်ခဲ့ပြီး ၎င်းတို့မှတစ်ဆင့် အသင်းသားပြည်သူများကို ဆက်လက်ထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်