Apr 21, 2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
Apr 21, 2021
ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ် ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ထိုသို့လုပ်ဆောင်နေမှုများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
Apr 21, 2021
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သာစည်မြို့နယ်နှင့် ပျော်ဘွယ်မြို့ နယ်များအတွင်း ဧပြီ ၁၉ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါမြို့နယ်များရှိ ကျေးရွာအချို့တွင် နေအိမ်များ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အဉီများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
Apr 21, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း ကွန်းပင်ရေမိုက်ကရိုဝေ့စတေရှင် ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဧပြီ ၁၈ ရက်နေ့တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက တူမီးသေနတ်များ ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Apr 21, 2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်နှင့် ကော့သောင်းမြို့နယ်၊ မကွေးတိုင်း ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ် သေနတ်များ ကိုင်ဆောင်နေ ကြောင်း သတင်းအရ ယနေ့တွင် ရက်တွင် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များ ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင် များက ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင် ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရ နိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။
Apr 21, 2021
ဆူပူအကြမ်းဖက်သူများ အသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင် မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေသတင်းထုတ် ဖမ်းဆီးထိန်းသိမ်း ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ။
Apr 21, 2021
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား အကြမ်းဖက်ရန်ပြု ဖျက်ဆီးခြင်းနှင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
Apr 21, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်
Apr 21, 2021
၇၂။ ရဲရဲတောက်ဂျာနယ် အယ်ဒီတာချုပ် အမတ်ဒိန် က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ၍ နိုင်ငံတော်၏အာဏာသုံးရပ် ကို လွှဲပြောင်း ပေးသူသည် ယာယီသမ္မတကြီး ဦးမြင့်ဆွေဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၁ (ခ) အရ သမ္မတကြီးဦးမြင့်ဆွေသည် နောက်တစ် ကြိမ် ရွေးကောက်ပွဲအပြီး အရွေးချယ်ခံသမ္မတကို လွှဲပေးသည်အထိ သက်တမ်းရှိနေသည်ဟု သိရကြောင်း၊ယနေ့ မိမိတို့နိုင်ငံ၏ အရေးပေါ် ကာလသည် မည်သည့်အတွက်ကြောင့် နိုင်ငံတော် အာဏာကို ထိန်းသိမ်းရသလဲ ဆိုသည့်အကြောင်း ကို ရှင်းပြနေရကြောင်း၊ ၁၉၅၈ ခုနှစ် ဦးနုက ဦးနေဝင်းကို လွှဲသည့် အချိန်တွင် ဦးနုက နိုင်ငံတော်သည် အရေးပေါ်ကာလ ဖြစ်လာပြီဖြစ်ကြောင်း၊ ဖဆပလ နှစ်ခြမ်းကွဲခြင်း၊ ခါးပိုက်ဆောင်တပ်များ၏ တပ်လှုပ်ရှားမှုများဖြစ်လာကြောင်း၊ သွေးထွက်သံ ယိုမှုများ ဖြစ်တော့မည် ဖြစ်ကြောင်း၊ ယင်းအခြေအနေတွင် ဦးနေဝင်း သာဆောင်ရွက်နိုင်လိမ့် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးနေဝင်းကို အာဏာလွှဲသည်ဟု လွှတ်တော်ထဲ၌ တစ်ခါတည်းပြောပြီးကြောင်း၊ ယခု မိမိတို့ သမ္မတ ကြီးသည် မည်သည့် အတွက်ကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံ တော် အာဏာသုံးရပ် ကို လွှဲရသည် ဆိုသည့်အကြောင်း သမ္မတကြီးကိုယ်တိုင် ပြောခဲ့ခြင်း မရှိပါကြောင်း၊ လွှဲပြောင်းစအချိန် က အချက်အလက်ခိုင်ခိုင်မာမာနှင့် ပြောရန်ခက်ခဲကြောင်း၊ သို့သော် ယနေ့အချိန်တွင် သမ္မတကြီး ပြောရန် အချိန်ရောက်ပြီဟု မိမိထင်မြင်မိကြောင်း၊ မည်သည့်အတွက်ကြောင့် အာဏာ ထိန်းရခြင်း ဖြစ်သည်ဟုသာ ပြောနေရပြီး မည်သည့် အတွက်ကြောင့် အရေးပေါ်ကာလဖြစ်ပြီး နိုင်ငံတော်အာဏာ ကို လွှဲရသလဲဆိုသည့် အဖြေ တစ်ခုကို သမ္မတကြီး ကိုယ်တိုင် လူထုကို ပြောပြလျှင် ယခုထက် ပိုရှင်းသွား မည်ဟု မိမိနား လည်ပါကြောင်း၊ ထို့ကြောင့် သမ္မတကြီးက လူထုကို ရှင်းပြသည့်မိန့်ခွန်းမျိုး မိမိတို့နားထောင် စရာ အကြောင်း ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။ လိုအပ်လာမည်ဆိုလျှင် ထပ်မံဖော်ပြ ပေးမည်ဖြစ်
Apr 21, 2021
လှုမှုကွန်ရက်အားအသုံးပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်
Apr 20, 2021
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပဉ္စမနှင့်ဆဋ္ဌမအကြိမ်နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာ(မူကြမ်း)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Apr 20, 2021
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၏ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ အခြားအထူးကုဆေးရုံကြီးများနှင့် ပြည်သူ့ဆေးရုံကြီးများ၏ ဆေးကုသရေးလုပ်ငန်းများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 20, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(
Apr 20, 2021
ခေတ်မီနည်းပညာများ အသုံးပြု၍ ကာလတိုအတွင်း လယ်ယာကဏ္ဍ သိသာ ထင်ရှားစွာတိုးတက်ပြောင်းလဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Apr 20, 2021
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ ဆရာမများအတွက် အားလပ်ရက်ရှည် (Vacation) ခံစားခွင့်ကို ၂၀၂၁ ခုနှစ် မေ ၂ ရက်အထိ သတ်မှတ်ခွင့်ပြုခဲ့ပြီး ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာတန်း(ရေးဖြေ)သင်တန်းများ၊ ဘွဲ့ကြိုနောက်ဆုံးနှစ် သင်တန်းများ၊ တတိယနှစ်ဂုဏ်ထူးတန်းများနှင့် နောက်ဆုံးနှစ်မဟာအရည်အချင်းစစ်သင်တန်းများကို ၂၀၂၁ ခုနှစ် မေ ၅ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
Apr 20, 2021
၆၁။ ခေတ်ပုံရိဝ်သတင်းဂျာနယ်မှ ဦးမောင်မောင် မြင့်က ယခုအမှတ်စဉ် ၄/၂၀၂၁ သတင်းစာရှင်းလင်း ပွဲကို ကြိုးစားပြီးလာခဲ့ကြောင်း၊ အစိုးရအုပ်ချုပ်ရေး အဖွဲ့မှ သတင်းမီဒီယာများအား ထုတ်ပြန်ကြေညာ ပေးခဲ့ပြီး သတင်းမီဒီယာများ၏ စီးဆင်းမှုနှင့် ပြည်သူလူထုဆီကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ အောင် ဆောင်ရွက်ပေးသော ပွဲဖြစ်သည့်အတွက် ရောက်အောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် သတင်းမီဒီယာများတွင် သုံးလေ့ရှိသော စကားလည်း ဖြစ်ပြီး ပြစ်မှုဆိုင်ရာ ရာဇဝတ်မှုပုဒ်မများတွင် ကျင့်သုံးနေသော အများပြည်သူအကျိုး၊ နိုင်ငံတော် အကျိုးအလို့ငှာ ဆိုသည့်အတိုင်း အများပြည်သူ အကျိုး၊ နိုင်ငံတော်အကျိုးရှိမည့် မေးခွန်းများ မေးမြန်းသွားမည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအပိုင်း၊ မီဒီယာအပိုင်းနှင့်
Apr 20, 2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြင်းချိုင့်ကွက်သစ်ရပ်၊ မြို့ပြသီရိလမ်းနေ စစ်မှုထမ်းဟောင်းအငြိမ်းစားတစ်ဦးဖြစ်သူ ဦးဟန်အေး(ဘ) ဦးတင်အေး၏ နေအိမ်အား ဧပြီ ၁၈ ရက် ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူ ၂၀ ဦးခန့်က အိမ်တံခါးများ ချိုးဖျက်ဝင်ရောက်၍ နေအိမ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းများအား ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Apr 20, 2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ယနေ့တွင် နိုင်ငံတေ်အကြည်အညို ပျက်စေမည့်စာရွက်များ ဖြန့်ဝေနေသူအမျိုးသား ၁ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Apr 20, 2021
နိုင်ငံတော်အတွင်း မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲထိန်းသိမ်းခဲ့ပြီး ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်သူများအား အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Apr 20, 2021
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ လက်နက် ကိုင်ဆောင် လိုခြင်းမရှိသည့် ပြည်သူလူထုမှ လေသေနတ်၊ တူမီးသေနတ်၊ လက်လုပ်သေနတ် များအား အုပ်ချုပ်ရေး တာဝန်ရှိ သူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။