နေပြည်တော် အောက်တိုဘာ ၂၇
“မြူးကြွလှပရောင်စုံည” တေးဂီတဖျော်ဖြေပွဲပွဲစဉ်(၅)ကို အောက်တိုဘာ ၂၉ ရက် သောကြာနေ့ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းအစီအစဉ်ကို “မြန်မာ့အသံတေးဂီတအဖွဲ့” ၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် ရန်အောင်၊ ရဲအောင်၊ မယ်လိုဒီ၊ ဂျင်းနီ၊ မိုးယံဇွန်၊ ဘုန်းသစ်၊ ယဉ်လက်၊ ရွှေဖြူနှင့် သခွာမြင့်မိုရ်တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်ပါသည်။
ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ (၃၁)ရက်၊ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်သည်။
သတင်းစဉ်