Skip to main content

အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အားများများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကခွင့်ပြုပေးလျက်ရှိ

ပဲခူး အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က တိုင်းဒေသကြီးအတွင်း CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အားများများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေသည့် စက်ရုံများကို အဓိကခွင့်ပြုပေးလျက်ရှိကြောင်း၊ ဘက်ထရီသုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ဆိုလာပြား ထုတ်လုပ်သည့် လုပ်ငန်း၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆက်စပ် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံသူများ၊ တည်ငြိမ်လုံခြုံ စိတ်ချစွာ လုပ်ငန်းများဆောင်ရွက်နိုင်ရေး လိုအပ်သည့် လမ်း၊ လျှပ်စစ်မီး၊ ရေနှင့် လုံခြုံရေးများကို ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးစက်မှုနယ်မြေအတွင်း ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် Gertai (Bago) Co.,Ltd မှ ကနဦးမတည်ငွေ  အမေရိကန်ဒေါ်လာ လေးသန်းဖြင့်  အိမ်သုံး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး ကို CMP စနစ်ဖြင့် ထုတ်လုပ်ခြင်း လုပ်ငန်းအသစ်တစ်ခု လျှောက်ထားလာခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်