Skip to main content

Oct 30, 2021

အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြား စေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ထွက်ရှိ သည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူ များသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီး ဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ် စာစောင်များကို အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီများသို့ ခွဲဝေပေးပို့လျက်ရှိပါသည်။ ထို့အပြင် ပေးပို့လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းထုတ်ဝေသော စာအုပ်စာတမ်းများစာရင်းတွင်လည်း ရေးသွင်းထားပြီး နှစ်စဉ် ထုတ်ပြန်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နှင့် ကွန်ဟိန်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ ဖျာပုံမြို့နှင့် ဘိုကလေးမြို့၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ဘုရားကြီးမြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌ အသီးသီး ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ အား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကုမ္ပဏီငါးခုမှ Aziled Tabled ၃၃၃၃၃ ခု၊ Cebay Tablet ၁၄၄၀၊ Ultop Tablet ၁၅၀၀၊ Sol-U-Pred Injection ၇၃၅၀ ခု၊ Menem Injection ၂၀၀၀၊ Aziphromycil Saldoz Tablet ၂၄၀၁၇ ခု၊ Meropenem Injection ၃၀၃၇ ခု၊ N 95 နှာခေါင်းစည်း ၁၄ ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ Syringe ၁၄၅၄၂ ခု၊ Drageranaesthetic Machine ၂၀ ခု၊

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသော ပဲခူးမြို့နယ်ရှိ မြို့ဦးကင်း(ပဲခူးမြစ်) အတွင်းသို့ ယနေ့တွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်း ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်နိုင် မန္တလေး နို့ချက်စက်ရုံပြန်လည်လည်ပတ်ပြီး နို့နှင့် နို့ထွက် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့၌ ယာယီနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့၏ နေရပ်ဖြစ်သော ကျေးရွာများ၌ ပြန်လည်နေထိုင်နိုင်ရန် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အောက်တိုဘာ ၂၆ ရက်မှစတင်၍ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ နေရပ်ပြန်ရန်ကျန်ရှိနေသော အောက်သဲမဝကျေးရွာနှင့် ဘောင်ဝကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူများအား ယနေ့တွင် စက်လှေများ၊ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေလိုသည့် NUG ၊ CRPH စသည့် အကြမ်းဖက် အဖွဲ့အစည်းများသည် အပြစ်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုးဖြင့် ရက်စက်စွာသတ်ဖြတ်ခြင်း၊ အများပြည်သူ သွားလာ လှုပ်ရှားနေသည့် လမ်း၊ တံတား၊ နိုင်ငံတော်ပိုင် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်းများအပြင် အပြစ်မဲ့ပြည်သူများ အား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အဖျက်အမှောင့်၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟို ဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၂.၉.၂၀၂၁ ရက်နေ့မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရောင်းချပေးလျက်ရှိပြီး 92 Ron ၁၉၈၄၀၃၉၉ လီတာ၊ ဒီဇယ် ၁၂၈၆၉၄၄၁ လီတာနှင့် Premium ဒီဇယ်၁၈၆၂၇၅၇၁လီတာတို့ဖြန့်ဖြူး ရောင်းချပေးထားပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ကြိုးပမ်းတည်ဆောက်နေသော အချိန်အခါတွင် ပြည်ပရောက် ဒီမိုကရေစီအရေခြုံ အမျိုးသားသစ္စာဖောက် များနှင့် သွေးထိုးမြှောက်ပင့်ပေးနေသော ပြည်ပနိုင်ငံအဖွဲ့ အစည်းအချို့ ပူးပေါင်းလျက် မြန်မာနိုင်ငံ၏ပြည်တွင်းရေးတွင် နည်းလမ်း အမျိုးမျိုးဖြင့် ဝင်ရောက် စွက်ဖက်နှောင့်ယှက်နေကြသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

"ရေကိုမူလ ချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာပြီး၊ လောင်စာကိုပါ ချွေတာပါ”။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်း ဟောင်းအိမ်ယာ (လေးထောင့်ကန်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီ လမ်းထောင့်ရှိ သမိုင်းဝင် တော်လှန်ရေး ပန်းခြံသို့သွားရောက်၍ ပန်းခြံအတွင်း အများပြည်သူတို့ အပန်းဖြေအနားယူနိုင်ရေး၊ ကိုယ်လက် လှုပ်ရှားအားကစား ပြုလုပ်နိုင်ရေး ပြင်ဆင်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူတို့က လိုက်လံရှင်းလင်း တင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir Lvovich kasatonov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2021

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် အသစ်ခန့်အပ်မည့် နည်းပြ၊ သရုပ်ပြအသစ်များကို အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်