Nov 01, 2021
(၁-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Nov 01, 2021
သုတေသနလုပ်ငန်းများ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအားထုတ်ပေးသွားမည် ဖြစ်သကဲ့သို့ လာမည့်ကြံကြိတ်ဝါးရာသီတွင် သကြားစက်လုပ်ငန်း၏ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှသကြားစက်ရုံ၌ သကြားစက်လုပ်ငန်းရှင်များ ကြံစိုက်တောင်သူ များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
Nov 01, 2021
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန(NSPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 01, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Nov 01, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
Nov 01, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းအား ယနေ့ည (၈) နာရီတွင် MRTV ၊ MWD HD၊ MWD Variety ၊ MWD Documentary ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယိုတို့တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါကြောင်းမိဘပြည် သူများအား လေးစားစွာကြိုတင် အသိပေးအပ်ပါသည်။
Nov 01, 2021
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် အောက်တိုဘာ ၃၀ ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည်
Nov 01, 2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Nov 01, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များသည် စစ်ရေးပစ်မှတ်များမဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်၍ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းများ အပါအဝင် အကြမ်းဖက်လုပ်ရပ်မျိုးစုံဖြင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ပျက်ပြားစေရန် ဦးတည်လုပ်ဆောင်လျက်ရှိသည်။
Nov 01, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တစ်နေ့ထက်တစ်နေ့ ကျဆင်းလာခဲ့ပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၄ ဒသမ ၄၇ ရာခိုင်နှုန်းမှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ၃ ဒသမ၈၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားရာ ရည်မှန်းထားသည့် ပိုးတွေ့ရာခိုင်နှုန်း သုံးရာခိုင်နှုန်းအောက်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ သုံးရာခိုင်နှုန်းအောက် ရောက်ရှိလာလျှင် စိတ်ချရသော အနေအထားဖြစ်၍ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည်။
Nov 01, 2021
စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတတို့ကလူတို့၏ စိတ်နှလုံးကို စိုးမိုးချုပ်ကိုင်ခြယ်လှယ်နိုင်သော စွမ်းအင်များ ရှိကြသည်။ ၎င်းတို့သည် မီဒီယာများဖြစ်ကြသည့်အလျောက် ပြည်သူလူထုအတွင်း သတင်း ဖြန့်ဝေနိုင်သည့် အစွမ်းလည်း ရှိကြသည်။ နာမည်ကြီးဝတ္ထုထဲမှ ဇာတ်ကောင်၏ စရိုက် လွှမ်းမိုးခြင်းခံရသည့် စာဖတ်ပရိသတ်တို့ ရှိခဲ့ဖူးသလို ဝတ္ထုထဲမှ ဇာတ်လိုက်၏ ကြိုးပမ်းရုန်းကန်မှုကို အတုယူကာ ဘဝတွင် အောင်မြင်မှုရရှိသူများလည်း ရှိခဲ့သည်။ ရုပ်ရှင်ဇာတ်ကားထဲမှ သရုပ်ဆောင်တို့၏ အမူအရာ၊ ဝတ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံ၊ ဇာတ်ဝင်စကားလုံးများကလည်း လူငယ်လူရွယ်များအတွင်း အချိန်တိုအတွင်း ပျံ့နှံ့သွားတတ်လေ့ရှိသည်။ သဘင်၊ ဂီတ စသည့် အနုပညာ တို့သည်လည်း ဤနည်းနှင်နှင်။ ။
Oct 31, 2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ မှတ်တမ်းတင်ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုးလုပ်ငန်းလွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေး ထိုးကတ်ပြားများ ထုတ်ပေးခြင်းစသည့် လုပ်ငန်းများအတွက် ကာကွယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးထိုး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Vaccination Management Information System-VMIS) သည် Asian-Oceanian Computing Industry Organization (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ရရှိခဲ့သည်။
Oct 31, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Oct 31, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံပြီး စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတပိုင်းဆိုင်ရာ ကဏ္ဍများမှတဆင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။
Oct 31, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါ ယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 31, 2021
PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲနှင့် ပန်ဆန်ကျေးရွာသို့ ဆက်သွယ်ထားသော ဂုံဘို(ယောချောင်း) ချောင်းကူးတံတားကို အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲခန့် က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Oct 31, 2021
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချမ်းအေးသာစံနှင့် အောင်မြေသာစံမြို့နယ်ရှိ အ.ထ.က(၅)၊ အ.လ.က(၇)၊ အ.ထ.က(၁) အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းများဖွင့်လှစ် ရန်ပြင်ဆင်ထားမှုကို လိုက်လံကြည့်ရှုပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့် တွေ့ဆုံသည်။
Oct 31, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၄) စီးဖြင့် နှာခေါင်းစည်း Mask တန် (၃၀) တင်သွင်းခဲ့ကြောင်း သိရှိရသည်။
Oct 31, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်အတူ ယနေ့နံနက်ပိုင်းက အထက် ပေါင်းလောင်းဆည် သို့ ရောက်ရှိကြပြီး ဆည်အတွင်း၌ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေး လုပ်ငန်း စံပြဆောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ရေပေါ်လှောင်အိမ်အတွင်းသို့ ငါးသားပေါက်များ မျိုးစိုက် ထည့်ပေးခဲ့ကြသည်။
