Skip to main content

Oct 31, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ရှိ Thiri Hpa-an Hotel ၌ ကျင်းပသည့် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(ကရင်ဇုန်)၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ် ထိန်းချုပ်နိုင်ရေးမှာ များစွာ အရေးပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များ (International Commercial Passenger Flights) မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ကို Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel Issue-2 အဖြစ် (၃၁-၁၂-၂၀၂၀) ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး သက်ရောက်မှုကာလကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၁၀-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ သတ်မှတ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ၏ ညွှန်ကြားမှုဖြင့် လပွတ္တာခရိုင် ငါးလုပ်ငန်း ဦးစီးမှူးရုံးတွင် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) နည်းပညာပေး သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်၊ လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ထန်းတပင်မြို့နယ် စစ်တောင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်က ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလာရောက်သည့် ရုရှားရေတပ်ပစိဖိတ် စစ်ရေယာဉ်စု Russian Pacific Fleet မှ Captain Andrey KUZNETSOV ဦးဆောင်သော စစ်ရေယာဉ်- Gremyashiy သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းခတ်မြို့၊ မိုင်းယန်းမြို့နှင့် မိုင်းပျဉ်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပုလောမြို့နယ်၊ မြိတ်မြို့နယ် နှင့် ကျွန်းစုမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့များ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ကျောက်ကြီးမြို့၊ နတ်သံကွင်းမြို့၊ ဝေါမြို့၊ အုတ်ဖိုမြို့နှင့် ပေါင်းတည်မြို့တို့ရှိ အခြေခံပညာကျောင်းများနှင့် ပြည်သူ့ဆေးရုံများ၏

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့၊ ကရင်ပြည်နယ် ဘားအံမြို့၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့၊ သာပေါင်းမြို့၊ လပွတ္တာမြို့၊ ဒေးဒရဲမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့တို့၌ အသီးသီး ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

ချင်းပြည်နယ်ထန်တလန်မြို့တွင် အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီမှစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်များသည် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာများတွင် ဖော်ပြလျက်ရှိသည်။ အဆိုပါသတင်းများနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ဖြေကြားခဲ့သည်-

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်။ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁၉၂ ဦး၊ အမျိုးသမီး ၁၅၅ ဦး စုစုပေါင်း ၃၄၇ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၂၄ ဦး စုစုပေါင်း ၇၂ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၄၂ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၁၇၁ ဦးတို့ကို လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၈၄ ဦး၊ အမျိုးသမီး ၂၀၉ ဦး စုစုပေါင်း ၄၉၃ ဦးတို့ကိုလည်းကောင်း လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များ စားရေးအဆင် ပြေစေရေးအတွက် တပ်မတော် နှင့် စေတနာရှင် အလှူရှင်များ | က စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်း လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘုရားကျောင်းကျေးရွာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည့် Global Earth Agro & Aqua Industry Public Company Limited (GEAA)၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

အကောက်ခွန်ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ ကို ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ တီးတိန်၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ပင်းပက်၊ ရွာမ၊ လက်ခုပ်ကုန်း၊ ကျောက်ဆည်၊ မြင်းခြံ၊ မန္တလေး၊ နေပြည်တော်၊ ခန္တီး၊ ကလေး၊ မုံရွာ၊ ချောင်းဦး၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း) တို့တွင် ဒုတိယနှစ်သင်တန်းများအား နိုဝင်ဘာ ၁ ရက် နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ယမန်နေ့ ညပိုင်း က ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ပြုလုပ်သည့် အနုပညာရှင် များ တေးဂီတဖျော်ဖြေမှု ရိုက်ကူး ထုတ်လွှင့်ခြင်းကို ကြည့်ရှုအားပေးပြီး အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အောက်တိုဘာလ ၂၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် “ကာကွယ် ဆေးထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ် များရှိသကဲ့သို့ ကုသမှုဆောင်ရွက်နေသည့် ဆေးရုံများတွင်လည်း ကုန်ကျစရိတ်များရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါတစ်ခုတည်း အပေါ်တွင် သုံးစွဲရသည့်နိုင်ငံတော်ဘဏ္ဍာငွေများမှာ ဘီလီယံနှင့်ချီ၍ ကုန်ကျကြောင်း၊

ဆက်လက်ဖတ်ရှုရန်

Oct 31, 2021

NUG ၊ CRPH ၊ PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းများ ပေါ်ပေါက်လာပြီးသည့်နောက်တွင် မြို့ပြများတွင် နေထိုင်ကြသည့် ပြည်သူလူထုကိုပါ တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်မျိုး ခြိမ်းခြောက်နေကြသည်ကို တွေ့ရသည်။ အကြမ်းဖက်ခေါင်းဆောင် တို့ကဖေ့စ်ဘွက်လူမှုကွန်ရက်မှ တစ်ဆင့်မြို့ပြတိုက်ပွဲ၊ မြို့ပေါ်တိုက်ပွဲ၊ မြို့ သိမ်းတိုက်ပွဲ စသည်ဖြင့် တွင်တွင်အော်နေကြကာ မြို့နေလူထု အတွင်း ကပ်ရပ်ခိုအောင်းနေကြသည့် အကြမ်းဖက်အုပ်စုတို့က လစ်လျှင်လစ်သလို လူသတ်၊ မိုင်းခွဲလုပ်ရပ်များကို လုပ်ကိုင်ရင်း ခြိမ်းခြောက်နေကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက် လည်ပတ်လေ့ရှိသည့် သံဖြူဇရပ်မြို့နယ်ရှိ မြန်မာ-ထိုင်းသေမင်းတမန်မီးရထားလမ်းပြတိုက်အား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများမှ ပြတိုက်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှုကို လိုက်လံရှင်းလင်း ပြသသည်။

ဆက်လက်ဖတ်ရှုရန်