Skip to main content

May 17, 2021

အကြိမ်(၃၀)မြောက် ရာဇဝတ်မှုတားဆီးရေးနှင့် ရာဇဝတ်မှုတရားစီရင်ရေး ကော်မရှင် (Commission on Crime Prevention and Criminal Justice - CCPCJ)အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင် ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

ဂျီ-၂၀ နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှုအစီအစဉ် (Debt Service Suspension Initiative –DSSI) တွင် ပါဝင်သည့် ချေးငွေများကို မြီရှင်နိုင်ငံများသို့ စေ့ရောက် ရက် အလိုက် ပြန်လည်ပေးဆပ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများအား လုပ်ငန်းစွမ်းရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက် (၁၀) နာရီအချိန်ကကျင်းပခဲ့ရာ သင်တန်းနည်းပြများနှင့် သင်တန်း သား/သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် ရှိ Denko ဆီဆိုင်၌ အကြမ်းဖက်သူများမှ လက်လုပ်မိုင်း ဖောက်ခွဲ မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ် မိုင်း ယူဆောင် လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အား ဆက်လက် စိစစ် ခဲ့ရာမှ ဖောက်ခွဲရေးပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

တိုင်းဒေသကြီး၊ ပြည်နယ်အချို့၌ မြို့နယ်အချို့ရှိ လုံခြုံရေးတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ ဝင်များအား လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကွမ်ဘန်ကျေးရွာအုပ်စု ဝဝမ် ကျေးရွာနေ ဦးတူးမိုင်(ဘ)ဦးခန့် ဂျယ်လရစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခေါန်ရာတို့ သည် မေ ၁၅ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင်တောင်ယာသို့သွားရောက်စဉ် ကျေးရွာ၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာသို့အရောက်၌ KIA အဖွဲ့မှ ထောင်ထားသည့် နှင်းမိုင်း နှစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းကို ယနေ့ နံနက် ၆ နာရီ ၂၅ မိနစ် ခန့်တွင် အကြမ်းဖက်သူများ၏ မီးရှို့မှုကြောင့် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုက ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင် ရှိသောလက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

ကန်တော်ကြီး ရေလှောင်ကန်သည် တစ်ချိန်က ရန်ကုန်မြို့နေလူထုအတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက် သုံးရေများကို ကာလကြာမြင့်စွာ ဖြန့်ဝေပေးရာမှ မြို့တော်လူဦးရေတိုးပွားလာချိန်တွင် သောက်သုံး ရေများ ပိုမိုဖူလုံပြည့်ဝစွာ ပေးနိုင်ရန်အတွက် အင်းလျားကန်မှရေကို ကန်တော်ကြီးထဲသို့ လက်မ ၃ဝ ပိုက် များဖြင့် သွယ်တန်းကာ သောက်သုံးရေများ ဆက်လက်ဖြန့်ဝေပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့၏ (၅/၂၀၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်း ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စား လှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအနက် ပြည်သူလူထု အတွက် အဓိကအကျဆုံးဖြစ်သောကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသ ရေးအဖွဲ့ များစုစည်း၍ ဒေသခံပြည်သူများအား ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ် ကုသ ပေးခြင်း၊ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်း များ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူ လူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာ ရေးစောင့် ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၀၆၂၅၂ ဦးနှင့် အတွင်း လူနာပေါင်း ၆၃၂၃၅ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။ ၎င်းလူနာများအနက် အကြီးစား ခွဲစိတ် ကုသရန် လိုအပ်သူ ၉၆၄၇ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၄၈၉၉ ဦး၊ စုစုပေါင်း ၁၄၅၄၆ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ် ကုသပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

စီးပွားရေးအချက်အချာကျပြီး လူဦးရေထူထပ်များပြားသော ရန်ကုန် မြို့ကြီး၌ ကိုဗစ်-၁၉ ကပ်ရော အခြေ အနေကြောင့် ဝန်ဆောင်မှု လုပ်ငန်းများ နှောင့်နှေးခဲ့သော်လည်း ယခုအခါ (YPTC) ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နေ့စဉ်မြို့တွင်း YBS ယာဉ်ပြေး ဆွဲမှုလုပ်ငန်းမှာ လတ်တလောအခြေအနေတွင် ၅၅ ရာခိုင်နှုန်းအထိ တိုးတက်မှု ရှိလာကြောင်း YPTC ရုံးချုပ်မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်း များအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင် လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေး ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသော အောက်ဖော်ပြပါ ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်း များအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် bM လှုပ်ရှားမှုများတွင် ပါဝင် လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေး ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသော အောက်ဖော်ပြပါ ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

မြန်မာနိုင်ငံတွင် မျိုးသုဉ်းလုနီးပါး ရေပျော်ငှက်များနှင့် ဆောင်းခိုငှက်မျိုးစိတ် ၁၇၂ မျိုးနားခိုရာ ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်းဘေးမဲ့တောကို အများပြည်သူ လေ့လာ အပန်းဖြေရန် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် မြို့ပြနှင့် အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် အဖွဲ့တို့ပူးပေါင်းပြီး ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် နိုင်ငံ့ ဝန်ထမ်းအငြိမ်းစား အငှားအိမ်ရာ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရှင်းလင်း ဆောင်တွင် စီမံကိန်းလုပ်ငန်း များဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ အောင်မြင် စွာဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင် တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး သည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2021

စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း သည် ယနေ့ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖန်ခါးမြေကုန်သွယ်မှု ဗဟိုဌာနအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2021

(၁၅-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉၁၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၀၁,၇၇၀) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃,၀၆၅) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်