Skip to main content

May 14, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက် ဖော်ထုတ်သိမ်းဆည်းလျက်ရှိရာ မေ ၁၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ သရက်ကုန်းကျေးရွာနေ စံထူး (၄၂)နှစ် (ဘ)ဦးအေးမောင်ကို အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း၊ ညနေ ၆ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့၊ သစ်ရာမြိုင် ရပ်ကွက်နေ ဇော်ဇော်အောင် (၁၉)နှစ် (ဘ)ဦးတင်စိုးကို လက်လုပ်သေနတ် ၁ လက်၊ ဆက်စပ် ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

၁။ နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်သည် အများပြည်သူ၏ အပ်နှံငွေများကို လက်ခံ ထိန်းသိမ်းပေးပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် အစိုးရဌာနများ အားလုံး၏ ငွေစာရင်းများကို ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစား ဝန်ထမ်းများ၏အငြိမ်းစားလစာများကိုလည်း တာဝန်ယူထုတ်ပေးလျက်ရှိပါသည်။ ။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

May 14, 2021

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ မေ ၁၃ ရက်တွင် အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး၍ မော်တော်ယာဉ် ၁ စီးမီးလောင်ပျက်စီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့ သေဆုံး ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ “ပို့ပို့”အာမခံစိန်ရွှေရတနာဆိုင်အား ခြောက်လှန့် လုယက်ခဲ့သည့် ပြစ်မှုကျူးလွန်သူများကို ကျူးလွန်ရာတွင်အသုံးပြုသည့် လက်နက်ခဲယမ်း၊ သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

ချင်းပြည်နယ်၊ မင်းတပ်မြို့ မြို့မရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့အား လက်နက်ကိုင် အကြမ်းဖက်သူများက လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ နိုင်ငံတော်ဆန့်ကျင်ရေး အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်အဖွဲ့ကို သွားရောက်ရှင်းလင်းစဉ် အမျိုးသား ၂ ဦးကို တူမီးသေနတ်၊ လက်လုပ်သေနတ်၊ ဂက်စ်သေနတ်၊ ပြောင်းချောသေနတ်များ၊ လက်လုပ်မိုင်း၊ လက်လုပ်ဗုံးအများအပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

မန္တလေးဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာ ခင်မောင်လွင် သည် ဖေဖော်ဝါရီ ၈ ရက်တွင် မန္တလေးဆေးတက္ကသိုလ်အား CDM ကျောင်း အဖြစ်ကြေညာခြင်း၊ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်နှင့် ဝန်ထမ်းများ အားဦးဆောင်၍ CDM လှုပ်ရှားမှုတွင် ပါဝင်အားပေးကူညီဆောင်ရွက်ခြင်း၊ CDM လှုပ်ရှားမှု တွင်မပါဝင်သေးသည့် ဆရာဝန်နှင့် ဝန်ထမ်းများအား ပါဝင်လာ စေရန်စည်းရုံးလှုံ့ဆော်ခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသ ရေးအဖွဲ့များ စုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေး များ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း နှင့် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သောလူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ၌ ဆူပူအကြမ်းဖက် ဆန္ဒပြသူများ အား ဖြိုခွဲထိန်းသိမ်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆူပူအကြမ်းဖက် သူအမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဆူပူအကြမ်းဖက် ရာတွင် အသုံးပြုသည့် လက်နက်/ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

ဒေါသ၊ မောဟ အကုသိုလ်စိတ်များလူတို့၏စိတ်သန္တာန်တွင်ဖြစ်ပေါ်လာသောကြောင့် ဣဿာ၊ မစ္ဆရိယ (မနာလိုခြင်း၊ ဝန်တိုခြင်း)ဟူသည့် တစ်စုံတစ်ရာ၊ တစ်ဦးတစ်ယောက်၊ တစ်ခုခုကို အကောင်းမမြင်နိုင်ခြင်း၊ အသိအမှတ်မပြုနိုင်ခြင်း၊ လက်မခံခြင်း၊ မပြုလုပ်စေလိုခြင်း စသည့်စိတ်ထားများ ထွန်းကားလာပါသည်။ မျက်မှောက်ကာလ၌ လူအများတွင် ထိုကဲ့သို့ စိတ်ထားများ ဖြစ်ပေါ်နေသည်ဟု ဆိုရမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်၏ မဲစာရင်းများနှင့် မဲပေးခဲ့မှု အခြေအနေများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးတွေ့ရှိမှုများကို သတင်းထုတ်ပြန်လိုက်ရာ ဥပဒေနှင့် မညီညွတ်မှုများ၊ မှားယွင်းမှုများ၊ ပျက်ကွက်မှုများနှင့် ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် လွတ်လပ်သန့်ရှင်းမှု အပေါ် သံသယဖြစ်ဖွယ်ရာ အချက်အလက်များ ပေါ်ထွက်လာသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၎င်း၏မြေပြင်ဖွင့်ဖောက် စစ်ဆေးမှုများကို သက်ဆိုင်ရာမြို့နယ် အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး များ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များကို ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2021

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်သည် နေပြည်တော်ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များဖြစ်ကြသော အထက(၈)၊အထက(၄)၊ အထက(၁)၊အထက(၂)နှင့် အထက(ခွဲ)ဗိုလ်မင်း ရောင်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အထက(ပြည်စံအောင်)နှင့် အထက(ကျောက်ချက်)တို့ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံ(ခုတင် ၁၀၀)တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် မေ ၁၁ ရက်တွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကျောက်စရစ်ကုန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ရွှေမြို့ကြီး ဂိုဏ်းထောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ အဝါရောင် မျိုးဆက်သစ် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းနှင့် ပြင်ကြီးသာသနာ့ဝေပုလ္လ သီလရှင်သင် ပညာရေးကျောင်းများသို့လည်းကောင်း၊ မေလ ၁၂ ရက်တွင် ပျဉ်းမနားမြို့နယ်ရှိ ရတနာမှန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ စက်ရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပန်းပဲစု ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဇေယျာသီရိမြို့နယ်ရှိ ရွှေကြာပျိုးခင်း ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့လည်းကောင်း၊ မေလ ၁၃ ရက်တွင် ဒက္ခိဏသီရိမြို့နယ်ရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ လယ်ဝေးမြို့နယ်ရှိ ပုဏ္ဏမီဂုဏ်ဝေသီလရှင် သင်ပညာရေး ကျောင်း၊ အောင်ချမ်းသာသီလရှင်သင် ပညာရေးကျောင်းနှင့် သံလမ်း(၂) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့လည်းကောင်း သွားရောက်၍ ကျောင်းအုပ်ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများလျှောက်ထားသည်။

ဆက်လက်ဖတ်ရှုရန်