နေပြည်တော် နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက်ရောက်(Arrival)ဗီဇာ စစ်ဆေးရေး ရုံးအား ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သူများက မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး တမူးမြို့ ဈေးတန်းရပ်ကွက်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးရှေ့ အာရှလမ်းမ ကြီးပေါ်တွင် တည်ဆောက်ထား သည့် မြန်မာ-အိန္ဒိယနယ်စပ် လူဝင်/ထွက် စစ်ဆေးရေးဂိတ်ရှိ ဆိုက်ရောက် (Arrival) ဗီဇာ စစ်ဆေးရေးရုံးအား အကြမ်းဖက် သူများက မီးရှို့ ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အလျား ပေ ၃၀၊ အနံ ၁၀ ပေရှိ RC တစ်ထပ် ဗီဇာစစ်ဆေးရေးရုံး၏ ပြတင်းတံခါးမှန် ခြောက်ချပ်အား အကြမ်းဖက်သူများက ရိုက်ခွဲဖျက်ဆီး ဝင်ရောက်ပြီး ရုံးခန်းအတွင်းရှိ ဖိုက်ဘာခုံများပေါ် သို့ ဓာတ်ဆီလောင်းကာ မီးရှို့ ဖျက် ဆီးခဲ့သဖြင့် ရုံးအတွင်း တပ်ဆင် ထားသည့် ဝိုင်ယာကြိုးများ၊ ဖိုက်ဘာထိုင်ခုံ လေးလုံးနှင့် ဗီနိုင်း ဆိုင်းဘုတ်တစ်ခုတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါ စစ်ဆေးရေးရုံးအား ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်နိုင်ရေး လုပ်ငန်းစဉ်များနှင့်အညီ မတ် ၁၀ ရက်မှစ၍ ယာယီပိတ်သိမ်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ နိုင်ငံတော်ပိုင် မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက် ရောက် (Arrival) ဗီဇာစစ်ဆေး ရေးရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား