Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာန စက်မှုလက်မှုပညာသင်တန်းကျောင်းများ၌ သင်တန်းများ ဖွင့်လှစ် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့၍ သင်တန်းပြီးပါက အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးမည်

နေပြည်တော် နိုဝင်ဘာ ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း အောင်ပန်း၊ လပွတ္တာ၊ ပုဏ္ဏားကျွန်း၊  ဘားအံတို့၌ စက်မှုလက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန်၊ စက်မှုလက်မှု ပညာရပ်များတတ်မြောက်၍ သင်တန်းဆင်းပြီးပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် သင်တန်းတွင် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ရက် နံနက်ပိုင်းတွင်  အဆိုပါ သင်တန်းကျောင်းများ၌ ကျင်းပရာအောင်ပန်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း၌ ရှမ်းပြည်နယ်  ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကလည်းကောင်း (ဝဲပုံ) လပွတ္တာ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က လည်းကောင်း၊ ပုဏ္ဏားကျွန်းနယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က လည်းကောင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကားများ ပြောကြားပြီး ကျောင်းအုပ်များက သင်တန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြကြသည်။

သင်တန်းဖွင့်ပွဲ အသီးသီးသို့ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အဆိုပါ သင်တန်းကျောင်း လေးကျောင်းတွင် ဆောက်လုပ်ရေးသင်တန်းသို့ ၃၅ ဦး၊ လျှပ်စစ် သင်တန်းသို့ ၃၄ ဦး၊ ဂဟေသင်တန်းသို့ ၄၀၊ မော်တော်ယာဉ်စက်ပြင်သင်တန်းသို့ ၆၂ ဦးနှင့်  လက်ကိုင်ဖုန်းပြင်သင်တန်းသို့ ၁၅ ဦး စုစုပေါင်း သင်တန်းသား ၁၈၆ ဦးတို့အား ၂၂-၁၁-၂၀၂၁ ရက် နေ့မှ --၂၀၂၂ ရက်နေ့အထိ ရက်သတ္တပတ် ပတ်ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြား ပို့ချမည်ဖြစ်ပြီး သင်တန်းသားများ နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့၍ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းဆင်းပြီးပါက အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်