Apr 01, 2024
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၂၀ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး ဖြစ်ပါသည်။ အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
Apr 01, 2024
၁။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၄ ခုနှစ် အာဆီယံဆု (ASEAN Prize 2024) ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်-
Apr 01, 2024
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာ
Apr 01, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 01, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၇၂ ဒသမ ၃၈၀ သန်းဖြင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ မှန်ပြတောင် ဘုရားအတက်လမ်း ပေ ၄၃၀၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ၅ ပေ Box Culvert သုံးစင်းတည်ဆောက်ခြင်းလုပ်ငန်းများ ယနေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Apr 01, 2024
၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-
Apr 01, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုယန္တရားဌာနခွဲ (လှော်ကား)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 01, 2024
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၃ ရက် ည ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာအနီးတွင် ပိုင်စိုးမောင်းနှင်ပြီး မအိအိမွန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ပုသိမ်ကြီးမြို့နယ် ကျွဲနဖားကျေးရွာရှိ ပိုင်စိုး၏ နေအိမ်နှင့် အမရပူရမြို့နယ် တောတွင်းကျေးရွာရှိ မအိအိမွန်၏ နေအိမ်တို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ ကိုလည်းကောင်း၊
Apr 01, 2024
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် အောင်စိုးဦး မောင်းနှင်ပြီး မလဲ့ရည်ထွန်း လိုက်ပါလာသည့် Mitsubishi Pajero အမျိုး အစား မော်တော်ယာဉ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၈၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် အောင်စိုးဦး ၃၁ နှစ်နှင့် မလဲ့ရည်ထွန်း ၃၂ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Apr 01, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၉ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် စံပယ်ဖြူလမ်းရှိ မိုတယ်အခန်းအမှတ်(A-1)ကို သတင်းအရရှာဖွေရာ ဘိုဘို အောင်(ခ)ကိုအောင်နှင့် မင်းကိုခိုင် (ခ) မောင်ခိုင်တို့အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၁ ဒသမ ၅၂ ကီလို၊ ကက်တမင်း သုညဒသမ ၀၈၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဘိုဘိုအောင်(ခ)ကိုအောင် ၃၇ နှစ်နှင့် မင်းကိုခိုင် (ခ)မောင်ခိုင် ၂၈ နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Apr 01, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ၌ မတ် ၂၉ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ဖိနပ်မျိုးစုံအရန် ၁၀၀၀၀ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Apr 01, 2024
ရှမ်းပြည်နယ် တောင်ကြီးမြို့ T.B.C စီးပွားရေးဇုန်ရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသို့ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်းရှိ ကော်ဖီသီးစို အခြောက်ခံနေမှု၊ ခွဲခြမ်းသန့်စင်မှုနှင့် ထုပ်ပိုးထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပြည်ပပို့ကုန် ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် လွိုင်လင်၊ ဟိုပုံး၊ မိုင်းပွန်ဒေသမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများ၏ ကော်ဖီသီးနှံများကို အသင်းသားအကျိုးမြတ်ရရှိစေရေးနှင့် ပြည်ပပို့ကုန်လျာထားချက် ပြည့်မီအောင် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ အဆိုပါအသင်းတွင် အသင်းသား ၉၁၈ ဦးရှိပြီး ယခင်နှစ် ကော်ဖီရာသီတွင် ကော်ဖီတန်ချိန် ၁၅၆ ဒသမ ၇ တန် ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
Apr 01, 2024
အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်
Apr 01, 2024
PDF Game ဆော့ကစားခြင်းကြောင့် ဥပဒေအရအရေးယူခံရနိုင်သည်
Apr 01, 2024
အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Apr 01, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Apr 01, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Apr 01, 2024
တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူရေးတောင်သူများ တက်ရောက်ကြသည်။
Apr 01, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုဆောင်များ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Apr 01, 2024
ယခုအချိန်ကာလသည် အလွန်ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလဖြစ်သည်။ မြန်မာပြည်ရာသီဥတုအနေဖြင့် မတ်လ၊ ဧပြီလနှင့် မေလတို့သည် ပူပြင်းသောကာလများဖြစ်သည်။ မြန်မာတို့၏ ၁၂ လရာသီကာလအားဖြင့် ကဆုန်၊ နယုန် ရာသီကာလသည် မနေနိုင်လောက်အောင် ပူပြင်းလှသဖြင့် “ကဆုန်-နယုန် ဆွေ့ဆွေ့ခုန်” ဟု အမွှမ်းတင်ထားသည်။ နွေရာသီကာလသည် ဖြစ်လေ့ဖြစ်ထဖြစ်သော်လည်း သာမန်အခြေအနေထက် ထူးခြားသည့်အပူဒဏ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုရမည်ဖြစ်သည်။
