Skip to main content

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ကိုးဦး သေဆုံးဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

နေပြည်တော် ဇူလိုင် ၃၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ ရပ်ကွက်များအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်မှုကြောင့် သိမ်ဇရပ်ရွာ လေးရပ်ကွက် (၇) လမ်းတွင် နေထိုင်သည့် ကိုယ်ဝန်လေးလလွယ်ထားရသည့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

၎င်းသတင်းနှင့် ပတ်သတ်၍ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျိုက်ထိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သမားများနှင့်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း၊ လက်နက်ကြီးဖြင့် ရပ်ကွက်များအတွင်း ပစ်ခတ်ခဲ့သည်ဆိုသည့် သတင်းမှာလည်း မှန်ကန်မှုမရှိကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်နှင့် ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်ချက်များဖြင့် လူမှုကွန်ရက်တွင် မဟုတ်မမှန်သတင်းများ လှုံ့ဆော်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်