Aug 04, 2024
မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးနှင့် စာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကား ပြောကြားသည်။
Aug 04, 2024
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စား စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေများနှင့် စားသောက်ဖွယ်ရာများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စေတနာရှင်အလှူရှင်များက နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ယနေ့တွင် သွားရောက်ဂုဏ်ပြုပေးအပ်ခဲ့သည်။
Aug 04, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရေးဆောင်ရွက်လျက်ရှိသည်။
Aug 04, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Aug 04, 2024
တပ်မတော်သည် နိုင်ငံလွတ်လပ်ရေးအတွက် တိုင်းရင်းသားပြည်သူများနှင့် အတူလက်တွဲပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးကို ဆင်နွှဲခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက်တွင်လည်း ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို တွန်းလှန်ကာကွယ်ခဲ့ပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အသက်ပေးကာကွယ်စောင့်ရှောက်ခဲ့သည်။
Aug 04, 2024
အကြမ်းဖက်သောင်းကျန်းသူ MNDAA အဖွဲ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အတွင်းတိုက်ပွဲများ ဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတက်လူနာ ဒေသခံအရပ်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များထိခိုက်သေဆုံးခဲ့ရပြီး အချို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
Aug 03, 2024
စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေခြင်း
Aug 03, 2024
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း တိုက်ပွဲများဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံအား ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
Aug 03, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Aug 03, 2024
တပ်မတော်(လေ)မှ ရဟတ်ယာဉ်တစ်စီးသည် ဩဂုတ် ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တစ်ဝိုက်၌ လေ့ကျင့်ပျံသန်းလျက်ရှိစဉ် ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသူ ၂ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။