Skip to main content

ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၈

ဩဂုတ် ၁၆ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်းနှင့် ၄၉ လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းခမ်းလိန်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water သုညဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်အရ မွန်းလွဲ ၂ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၉ လမ်း၊ ၁၁၂ x ၁၁၃ လမ်းကြားရှိ ဂေါ်ရာဇူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water သုည ဒသမ ၇၉ ကီလို၊ အက်တက်စီဆေးပြား ၂၅၀၊ ကက်တမင်း သုည ဒသမ ၁ ကီလို၊ အိုက်စ် သုည ဒသမ ၀၃ ကီလိုနှင့် ဘိန်းဆီခဲ သုည ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းခမ်းလိန် (၁၉) နှစ်နှင့် ဂေါ်ရာဇူး (၂၃) နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်