Skip to main content

ကြို့ပင်ကောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမ အသင်းသားတောင်သူများသို့ သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်

ကြို့ပင်ကောက် ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ အချိန်မီထွန်ယက်စိုက်ပျိုးပြီး စိုက်ပျိုးသီးနှံအထွက်တိုးကာ ဈေးကောင်းရရှိစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုဓာတ်မြေဩဇာများကို မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းကိုးသင်းဖြစ်သည့် ပန်းဘဲတန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၂၂ ဦး၏ စိုက်ဧက ၁၂၃ ဧကအတွက် တန်ဖိုးငွေကျပ် ၂၄ ဒသမ ၆ သန်း၊ တူးကံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၁၆ ဦး၏ စိုက်ဧက ၅၆ ဧကအတွက် တန်ဖိုးငွေကျပ် ၁၁ ဒသမ ၂ သန်း၊ ဂုမ္မကွင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၃၂ ဦး၏ စိုက်ဧက ၁၅၅ ဧကအတွက် တန်ဖိုးငွေကျပ် ၃၁ သန်း၊ ရွာသာကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၄၄ ဦး၏ စိုက်ဧက ၃၁၈ ဧကအတွက် တန်ဖိုးငွေကျပ် ၆၃ ဒသမ ၆ သန်း၊ ဒေါင်းလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၂၃ ဦး၏ စိုက်ဧက ၂၃၃ ဧကအတွက် တန်ဖိုးငွေကျပ် ၄၆ ဒသမ ၆ သန်း၊ ဘုကြီး စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသား ၃၇ ဦး၏ စိုက်ဧက ၁၆၀ အတွက် တန်ဖိုးငွေကျပ် ၃၂ သန်း၊ ကျခတ္တန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၁၉ ဦး၏ စိုက်ဧက ၆၅ ဧကအတွက် တန်ဖိုးငွေကျပ် ၁၃ သန်း၊ ပေပင်ခုံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားရှစ်ဦး၏ စိုက်ဧက ၆၆ ဧကအတွက် တန်ဖိုးငွေကျပ် ၁၃ ဒသမ ၂ သန်း၊ ကျွန်းသာယာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၁၄ ဦး၏ စိုက်ဧက ၇၄ ဧကအတွက် တန်ဖိုးငွေကျပ် ၁၄ ဒသမ ၈ သန်း စုစုပေါင်းအသင်းသား ၂၁၅ ဦး၏ စိုက်ဧက ၁၂၅၀ အတွက် တန်ဖိုးငွေကျပ်သန်း ၂၅၀ နှင့်ညီမျှသော သွင်းအားစုဓာတ်မြေဩဇာများအား အသင်းသားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်