Skip to main content

တာချီလိတ်မြို့၌ ငွေကျပ် ၃၁၂၄ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၈

ဩဂုတ် ၁၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ အိုက်ကျန် (ခ) အစိမ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀၊ အိုက်စ် ၃၈ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ကျန် (ခ) အစိမ် (၂၈) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်