Sep 19, 2024
တာချီလိတ်မြို့၌ စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်နေ့အထိ ရေကြီးရေလျှံခြင်းဖြစ်ပေါ်ခဲ့သဖြင့် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးသည် ရေဘေးသင့်ပြည်သူများအား စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီက အဝတ်အထည်များ ပေးအပ်လှူဒါန်းပြီး ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Sep 19, 2024
ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန၏ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးသင်တန်း (Road Traffic Accident-Vehicle Extrication) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဒက္ခိဏခရိုင် ဒက္ခိဏသီရိမြို့နယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။
Sep 19, 2024
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူတို့သည် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်/ကျေးရွာ (၁၃)အုပ်စု၊ လူနေအိမ် (၆၀၉၁)အိမ်၊ ရေဘေးရှောင်စခန်း (၁၄)ခုရှိ ရေဘေးသင့်ပြည်သူများအား နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းအား ကြည့်ရှုအားပေးခဲ့သည်။
Sep 19, 2024
နေပြည်တော်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှဦးဆောင်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (နေပြည်တော်) နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) တို့ပူးပေါင်းမှုဖြင့် နေပြည်တော်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။
Sep 19, 2024
အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 19, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အဖွဲ့သည် BRICS Media Summit သို့တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေကြသည့် မီဒီယာဆိုင်ရာကိုယ်စားလှယ်များနှင့်အတူ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အထင်ကရနေရာများဖြစ်သော ကရင်မလင်နန်းတော်နှင့် ရှေးဟောင်းပြတိုက်များ၊ အညတရသူရဲကောင်းတစ်ဦး၏ ဂူဗိမာန်၊ ရင်ပြင်နီ၊ ဗာစီလီး ဘလာရမ်း နီရီဘုရားကျောင်း၊ ဘာသာရေးဆိုင်ရာ အဓိကဘုရားကျောင်းနေရာများသို့ သွားရောက်ပြီး ကြည့်ရှုလေ့လာကြသည်။
Sep 19, 2024
ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုအခြေအနေအရ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ အဆက်မပြတ်လိုအပ်လျက်ရှိသည်။ ခေတ်မီတိုးတက်ပြီး အဆင့်အတန်းမြင့်မားသော နိုင်ငံတည်ဆောက်နိုင်ရန်အတွက် ပညာရည် တိုးတက်မြင့်မားရေးသာမက စဉ်းစားဆင်ခြင်တွေးခေါ်မှုနှင့် ဆင်ခြင်တုံတရားမြင့်မားသော နိုင်ငံသားများလိုအပ်နေသည်။ ထို့ကြောင့် နိုင်ငံအများသည် ပညာရေးကိုအခြေခံသည့် လူ့ဘောင်အသိုက်အဝန်းကို တည်ဆောက်လျက်ရှိသည်။
Sep 19, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိထားသောစာရင်းများအရ တိရစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးခဲ့ခြင်းနှင့် စပါးနှင့်သီးနှံမျိုးစုံစိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြုပ်ခြင်းတို့လည်း ပါဝင်သည်။ မိုးလေဝသကြိုတင်သတိပေးချက်များရှိခဲ့သော်လည်း မျှော်လင့်မထားသည့် အတိုင်းအတာအထိ ပြင်းထန်စွာဖြစ်ပေါ်ခဲ့ခြင်းကြောင့် အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သော မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပျက်စီးဆုံးရှုံးမှု များပြားသည်။
Sep 18, 2024
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံအတွင်းရှိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများကို အိန္ဒိယနိုင်ငံမှ စစ်ရေယာဉ် INS Satpura (F-48) သည် စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ဝမ်းပန်းတသာ ကြိုဆိုကြသည်။
Sep 18, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများမြင့်တက်ကာ မြို့နယ်အချို့ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။