Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် Exploring Myanmar Culture and Tourism Organization ၏ ဥက္ကဋ္ဌ Mr. David Liu ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရန်ကုန်မြို့အခြေစိုက် Exp-loring Myanmar Culture and Tourism Organization ၏ ဥက္ကဋ္ဌ Mr. David Liu အား ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ်-မြန်မာအစိုးရ - ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအကြောင်း တရုတ်ခရီးသွားဧည့်သည်များ ပိုမိုသိရှိနိုင်ရေးအတွက် တရုတ်နိုင်ငံသုံး Social Media အကောင့်များမှတစ်ဆင့် မြှင့်တင်ကြော်ငြာသွားနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ တရုတ်နိုင်ငံသားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရေး၊ တရုတ်နိုင်ငံမှ ပင်လယ်ရေကြောင်း အပျော်စီးသင်္ဘောများ ဖြင့်လာရောက်မည့် ခရီးသွားဧည့်သည်များကို ဖိတ်ခေါ်ရေး၊ အပျော်စီးသင်္ဘောခရီးစဉ်များ စီစဉ်ဆောင်ရွက်သွားနိုင်ရေး၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် Exploring Myanmar Culture and Tourism Organization နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးဆွေးနွေးကြပြီး မြန်မာ - တရုတ် နှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလက်မှတ်ကို Exploring Myanmar Culture and Tourism Organization ၏ဥက္ကဋ္ဌ Mr. David Liu ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်