Skip to main content

Aug 20, 2024

၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက ၂၂၂၇၁၇ ဧက လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၈ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး  အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ” အား ဩဂုတ် ၂၃ ရက်မှ ၂၆ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုးသား ၁၅ သင်း၊ အမျိုးသမီး ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

စျေးနှုန်းတည်ငြိမ်ရန် ဆောင်ရွက်နေသည့်အပြင် ပြီးခဲ့သည့်နှစ်က ဆန်အဟောင်း၊ စပါးအဟောင်းနှင့် နွေစပါးဆန်အသစ်များလည်းရှိသည့်အတွက် ပြည်တွင်းဆန်ဖူလုံမှု အပြည့်အဝရှိ၍ စိုးရိမ်စရာမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။ 

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၈ ရက် ည ၈ နာရီတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု လွယ်တော်ခမ်းကျေးရွာအနီးတွင် ဇော်မင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ အလားတူ ဩဂုတ် ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုက်ရှဲန် (ခ) စိုင်းရှဲန်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက် ည ၇ နာရီတွင် လွိုင်လင်မြို့ အမှတ် (၂) ရပ်ကွက်၌ စိုင်းမိုင်းခွန်း မောင်းနှင်လာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ထိန်းချုပ်ဓာတုပစ္စည်း Ammonium Nitrate ၂၉၅၀၀ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၁-၈-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၈-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၀,၈၄၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၁) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက လာအို - မြန်မာချစ်ကြည်ရေးတံတားသို့ ရောက်ရှိကာ မြန်မာ - လာအိုနယ်စပ်ဒေသ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ အကြီးအကဲ Mr. Sajjad Mohammad Sajid တို့ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

Mpox (မျောက်ကျောက်) ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် တရုတ် - အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနား တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

မွန်ပြည်နယ် ဗုဒ္ဓကလျာဏယုဝအသင်းမှ အသင်းသူ အသင်းသားများက ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အထိမ်းအမှတ် သွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနှင့် အမှတ် (၅) တပ်မတော်ဆေးရုံ ခုတင် (၃၀၀) တို့သို့ စုပေါင်းသွေးလှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

မြေဩဇာကော်မတီ၏ (၄၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၇) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ အစားအစာများ စားသုံးရာတွင် ဆီမပါလျှင် မပြီး၊ ဆီမပါလျှင် မဖြစ်ဆိုသလို ဆီအမျိုးမျိုးနှင့်မကင်းသည့် အစားအစာများကို နေ့စဉ်စားသုံးကြသည်ကို တွေ့ရမည်ဖြစ်သည်။ ကျန်းမာရေးအရ ဆီကို သတိပြုစားသုံးရန်လိုအပ်သောကြောင့် သတိပေးပြောကြားလျက်ရှိသော်လည်း ဆီစားသုံးမှုကို မလျှော့နိုင်ဘဲ ကြုံသလိုစားသုံးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2024

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်နိုင်သကဲ့သို့ ပြည်တွင်းစားသုံးမှု ဖူလုံစေရန်လည်း စိုက်ပျိုးထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ ပြည့်စုံစွာရှိသည်။ သို့ရာတွင် ပြည်ပမှ တင်သွင်းသည့် ဈေးသက်သာသော စားအုန်းဆီများ ပြည်တွင်းဈေးကွက်တွင် နေရာယူလာချိန်မှစကာ ပြည်တွင်းဆီထွက်သီးနှံစိုက်ပျိုးမှုများနှင့် ဆီစက်လုပ်ငန်းများ ကျဆင်းခဲ့ရသည်။ လက်ရှိအစိုးရလက်ထက်တွင် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးလာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးရန် ကြိုးပမ်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်-နွားထိုးကြီးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာများနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ရှေးဟောင်းလေးမျက်နှာစေတီအား ဩဂုတ်လ ၁၈ ရက်တွင် တပ်မတော်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၇ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ ဒေါ်စန္ဒာ (၅၈) နှစ် (ဘ) ဦးစန်းမောင်၏နေအိမ်၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အဆိုပါနေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

၁။ (၂၀၂၄) ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲအသစ် (Clade Ib) လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်