Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၂၈-၁၂-၂၀၂၄ ရက်(စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၅၂) တွင် စည်သူတို့သူငယ်ချင်းများ သိချင်သော သက်တံအကြောင်းကို အဘွားကပြောပြထားပုံအား သရုပ်ဖော်ထားသည့် “ရောင်စုံတံတားလေး” မျက်နှာဖုံးကာတွန်း၊ သရဏဂုံဆောက်တည်ခြင်း၏ အကျိုးတရားနှင့် အစွမ်းများအကြောင်း ဗဟုသုတရရှိစေရန် ရေးသားထားသည့် “သရဏဂုံအစွမ်း အံ့မခန်း” သုတ ဆောင်းပါးကဏ္ဍ၊ လိပ်ပြာမယ်လေးရွှေရုပ်မှာ သူ၏လှပသည့် အတောင်ပံများအပေါ် မာနကြီးပြီး ဘဝမြင့်မိသည့်အတွက် ဖမ်းဆီးခံရပုံအကြောင်း သရုပ်ဖော်ထားသည့် “မာနကြီးတဲ့ လိပ်ပြာမယ်” နှစ်မျက်နှာကာတွန်း၊ ဟိန်းစည်သည် စာပေရော အားကစားပါ ထူးချွန်သူ ဖြစ်ပြီး သူ၏ဉာဏ်ကောင်းပုံနှင့် တွေးခေါ် မြော်မြင်တတ်ပုံအကြောင်း ရေးသားထားသည့် “စာပေဖတ်ကဂုဏ်တင့်စွ” ဝတ္ထုကဏ္ဍ၊ သူတော်ကောင်းယောင် ဟန်ဆောင်နေသောကြောင် ဖြူသည်နောက်ဆုံးတွင် တောခွေး၏ ကိုက်ဖြတ်စားသောက်ခြင်းကို ခံလိုက်ရသည့် အကြောင်း ရေးသားထားသည့် “သူတော်ကောင်း ယောင်ဆောင်သူ” ပုံပြင်ကဏ္ဍ၊ တပည့်မေသီဟန်က ဆရာဖြစ်သူကို သတိတရဖြင့် လာရောက်ကန်တော့သည့်အကြောင်း သရုပ် ဖော်ထားသည့် “ပီတိအပြုံး” နှစ်မျက်နှာကာတွန်း၊ အဝမလွန်ဘဲ အာဟာရဖြစ်အောင် နေထိုင်စားသောက်မှု မှန်ကန်စေရေးအတွက် ဦးဦးဖိုးရှုပ်က ကလေးများကို ဆုံးမထားသည့် အကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲ- အဝလွန်သူ” နှစ်မျက်နှာကာတွန်း၊ တိုက်ခန်းတံခါးသော့ အခန်းထဲတွင် မေ့ကျန်ခဲ့ပြီးသော့ ခတ်မိသွားသည်ကို အပြန်အလှန်ပြောဆိုထား သည့်အကြောင်း ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍအပါအဝင် အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍစုံစုံလင်လင်ဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အ‌ရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

သတင်းစဉ်